ကျုံ​ပျော်၊ လှေဆွဲရွာက ပြည်သူများအတွက် ဩစတြေးလျ ဆရာဝန်နှင့်သူနာပြုများက လှူဒါန်း

ဧရာ၀တီတိုင်း၊ ကျုံ​ပျော်မြို့နယ်၊ ဇရစ်ရိုး​ကျေးရွာအုပ်စု၊​ လှေဆွဲကျေးရွာက အိုးအိမ်စွန့်ခွာသူတွေ အတွက်  ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) အဖွဲ့က ကျပ်သိန်း ၁၃၁ ကို အမျိုးသားညီးညွတ်ရေးအစိုးရမှ တဆင့် ဇွန် ၁၄ ရက်မှာ ကူညီထောက်ပံ့​ပေးအပ်ခဲ့​ကြောင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

လှေဆွဲကျေးရွာမှာ ဇွန် ၅ ရက်မနက်ပိုင်းကစပြီး ဒေသခံတွေကို  စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး ရွာသား ၄ ဦး ကျဆုံးခဲ့ကာ လူဦးရေ ၁၅၀၀ ခန့် နေရပ်စွန့်ခွာ ခဲ့ရပါတယ်။ 

နေရပ်စွန့်ခွာရသူပြည်သူတွေအတွက်  ဩစတြေးလျနိုင်ငံ၊ Doctors, Nurses and Friends (DNF) ကလှူဒါန်းမှုတွေကို သက်ဆိုင်ရာ မြေပြင် ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေထံသို့ ချိတ်ဆက်​​ပေးအပ်ခဲ့​တယ်လို့ သိရပါတယ်။

More News
Up