DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ ကျပ်သန်းပေါင်းတစ်ထောင် အတည်ပြု
DVB
·
November 27, 2013
ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ  ကျပ်သန်းပေါင်းတစ်ထောင် အတည်ပြု
Donate to DVB

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ  ကျပ်သန်းပေါင်းတစ်ထောင် သုံး စွဲဖို့    ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကနေ အတည်ပြုပေးလိုက်ပါတယ်။ ဒီသ တင်းကို နန်းမြနဒီက ပြောပြမှာပါ။

နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်နယ်မြို့တော် ဟားခါးမှာ ကျင်းပသွားတဲ့ ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကနေ အတည်ပြုပေးလိုက် တာဖြစ်ပါတယ်။

imagesအတည်ပြုပေးလိုက်တဲ့ ကျပ်သန်းပေါင်းတစ်ထောင်ဟာ ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေ ပြုပြင်ဆောက်လုပ်ရေး အတွက်နဲ့ အခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေပါ ပါဝင်ကြောင်း ချင်းပြည် နယ် လွှတ်တော်ဥက္ကဌ ဦးဟောက်ခင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာရေး ဖြည့်စွက်ငွေ အတည်ပြုတာပါ။ ဘဏ္ဍာရေး သုံးစွဲရမယ့် လုပ်ငန်းစဉ်လည်း ပါပါတယ်။ အဲဒါတွေကတော့ ဆေးရုံ၊ ဆေးခန်းတို့ လမ်းတံတား တည်ဆောက်ရေးလုပ်ဖို့နဲ့ ဌာနဆိုင်ရာအစုံပေါ့။ ဖြည့်စွက်ခွင့်ပြုဖို့ အတည်ပြုပါတယ်။ သန်း ၁ ထောင်လောက်ရှိပါတယ်။ ချင်းပြည်နယ် မတူပီးမြို့နဲ့ ကလေးဝမြို့အကြား လမ်းဖောက်တာတို့အတွက်ဖြစ်ပါတယ်။ ”

အဲဒီ ဘဏ္ဍာငွေကို  ချင်းပြည်နယ် အစိုးရ အဖွဲ့က အကောင်အထည်ဖော် သုံးစွဲသွားမှာဖြစ်ပြီး   စီမံကိန်းစီမံချက်တွေအတိုင်း အလေအလွင့်မရှိ  အပြည့်အ၀ အကောင် အထည်ဖော်ဖို့ လိုအပ်ကြောင်းလည်း ဦးဟောက်ခင်ခမ်းက ဆက်ပြောပါတယ်။

ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမု န်က တော့   ဒီဘဏ္ဍာငွေတွေဟာ စီမံကိန်းသစ်တွေ အတွက်မဟုတ်ဘဲ လုပ်လက်စ မပြီးပြတ်သေးတဲ့လုပ်ငန်းတွေအတွက် အဆိုပြုတောင်းခံခဲ့တာလို့ခုလိုပြော ပါတယ်။

“၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် မလုံလောက်တဲ့ ဟာတွေကို ထပ်တောင်းတာပါ။ လမ်းတို့ တံတားတို့ ရေမီးတို့ လျှပ်စစ်တို့ အစုံပေါ့ဗျာ။ ဒီဟာက ဖြည့်စွက်က တခါတည်းပဲ။”

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကလည်း ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်  တစ်မြို့နယ်ကို ကျပ်ငွေ သိန်းတစ်ထောင်စီ ပေးမယ်လို့  နိုဝင်ဘာလ ၁၇ ရက်နေ့က ချင်းပြည်နယ်ခရီးစဉ်မှာ ပြည်သူနဲ့ လွှတ်တော်အမတ်တွေကို ပြောကြားခဲ့တယ်လို့  ထန်တလန်မြို့ နယ်က ချင်းပြည်နယ်လွှတ်တော်အမတ် ဦးလိုင်မောင်းဇုန်း က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့ပေမယ့် တခြားဒေသတွေထက်စာရင်   ဖွံ့ဖြိုးရေး အဘက်ဘက်မှာ နောက်ကျနေတဲ့ သူတို့မြို့နယ်အတွက်တော့ ဒီငွေတွေဟာ မဆိုစလောက်သာရှိကြောင်း ဦးလိုင်မောင်းဇုန်းက ခုလိုပြောပါတယ်။

“သိန်းတစ်ထောင်နဲ့ ဆင်းရဲနွမ်းပါးမှုပါ် ဘာမှအကျိုးပြုမှာ မဟုတ်ဘူး။ ထန်တလန်မြို့နယ်မှာ ရွာပေါင်း ၉၀ ရှိတယ်။ ကိုးဆယ်ကို သိန်းပေါင်းတစ်ထောင်နဲ့ မျှကြည့်လိုက်ရင် တစ်ရွာကို ဆယ်သိန်းလောက်ဘဲကျတယ်။ အဲဒါ ဘာမှ လုပ်ငန်းလုပ်လို့ မရဘူး။ ဒီဟာတွေနဲ့ သိပ်နည်းလွန်းတဲ့ အနည်းအကျဉ်းလေးတွေပါဘဲ။”

ဒါပေမယ့်လည်း  ခုရှိလာတဲ့ရန်ပုံငွေတွေနဲ့ အရင်ဆုံး လမ်းပန်းဆက်သွယ်ရေးနဲ့ ရေရှားပါးမှု ပြဿနာကို အရင်ဖြေရှင်း မှာ ဖြစ်ကြောင်း၊ ထန်တလန်မြို့နယ်က ရွာပေါင်း ၄၀ မှာ သောက်သုံးရေ အခက် အခဲရှိနေပြီး တောင်အောက် ချောင်းရေကနေ တောင်ပေါ်ကို ခက်ခက်ခဲခဲ သယ်ယူနေ ရတယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013