Monday, May 29, 2023
HomeLead Storyပြည်တွင်း ငရုတ်သီး၊ ကြက်သွန်ဈေးနှုန်း မြင့်တက်

ပြည်တွင်း ငရုတ်သီး၊ ကြက်သွန်ဈေးနှုန်း မြင့်တက်

မြန်မာပြည်တွင်းဈေးကွက်မှာ အခုရက်ပိုင်းအတွင်း ငရုတ်သီး၊ ကြက်သွန်၊ အားလူးစတဲ့  စားဖိုဆောင်သီးနှံတွေ ပြန်ဝယ်လိုအားကောင်းလာလို့ ဈေးနှုန်း မြင့်တက်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ကုန်ပစ္စည်းလက်ကျန် နည်းနေချိန်မှာ ဝယ်လိုအားမြင့်တက်လာတဲ့အတွက် အခုလို ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ 

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဆိတ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပေါ်ခဲ့တဲ့ဈေးနှုန်းနဲ့ယှဉ်ရင် ၁ ပိဿာကို အမျိုးအစားအလိုက် ၂၅ ကျပ်ကနေ ၁၀၀ ကျပ်အထိ ဈေးမြင့်တက်လာပြီး အောင်ပန်းဒေသထွက် ကြက်သွန်ဖြူ ဈေးနှုန်းကလည်း တရက်အတွင်း ၁ ပိဿာကို ကျပ် ၁၅၀ ၀န်းကျင် ဈေးမြင့်တက်ခဲ့ပါတယ်။ 

တရုတ်နိုင်ငံက တင်သွင်းတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းကလည်း ဇွန် ၂၃ ရက်နေ့မှာ ၂၉၀၀ ကျပ်ဈေးရှိပြီး၊ တစ်ရက်အတွင်း ကျပ် ၁၀၀၀ ကျော် ဈေးမြင့်တက်လာပါတယ်။

ဒါ့အပြင် စားဖိုချောင်သီးနှံတစ်ခုဖြစ်တဲ့ ငရုတ်ဈေးနှုန်းကလည်း ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် အမျိုးအစားအလိုက် ၁ ပိဿာကို ကျပ် ၁၀၀ ကနေ ၃၀၀ ကြား ဈေးမြင့်တက်ခဲ့ပြီး၊ ငရုတ်ပု(မြစ်ဝ) ဈေးနှုန်းက ၁ ပိဿာကို သီတင်းတပတ်အတွင်း ကျပ် ၁၂၀၀ အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

အာလူးနဲ့ ငရုတ်သီးနှံဟာ နယ်ဈေးကွက်မှာ ဝယ်လိုအား အင်မတန်မြင့်တက်နေသလို၊ ကြက်သွန်ဖြူ ဈေးနှုန်းကလည်း တရုတ်နိုင်ငံက တင်သွင်းမှုလျော့ကျခဲ့လို့  ဈေးမြင့်တက်နေတာ ဖြစ်တယ်လို့ ကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ ရှိနေသေးတဲ့အပြင် လတ်တလော နိုင်ငံရေးအခြေအနေတွေအပေါ် ချိန်ဆပြီး၊ ကုန်သည်တွေဟာ သီးနှံသိုလှောင်မှုပမာဏကိုတော့ အနည်းငယ် လျှော့ချမှုတွေ ရှိလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular