Home
မြန်မာသတင်း
ဗန်းမော်တွင် လူငယ် ၂၀ ခန့်ကို PDF ဟုစွပ်စွဲပြီး စစ်တပ်က အကြမ်းဖက်ဖမ်းဆီး
DVB
·
June 23, 2021
205695312_1257511491371244_3586618318091563811_n

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  ဇွန်လ ၂၂ ရက် ညပိုင်းက ဒေသခံလူငယ် အယောက် ၂၀ လောက်ကို  PDF  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲပြီး စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားပါတယ်။ 

မနေ့ည ၉ နာရီကျော်လောက်က ဗန်းမော် ခွန်သာရပ်ကွက်နဲ့ ညောင်ပင်ရပ်အပါအဝင်  ရပ်ကွက်တချို့ကို ကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် လာပြီး ပြည်သူတွေရဲ့  နေအိမ်ထဲ  အတင်းဝင်ရောက်ကာ လူငယ် အယောက် ၂၀ နီးပါးကို အကြမ်းဖက် ဖမ်းဆီးသွားတယ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး  ဗန်းမော်မြို့တွင်းရှိ လက်ဖက်ရည်ဆိုင်တွေ ၊ ရပ်ကွက်တွေမှာ စစ်အုပ်စုက လူငယ်တွေကို အချိန်မရွေး ဖမ်းဆီးနေတာ ကြောင့် မိဘပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။ 

ဗန်းမော်မှာ ဇွန် ၂၁ ရက် ညကလည်း ပေါက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ လူငယ်တစ်ယောက်ကို စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးသွားပါတယ်။

အခု ဇွန်လအတွင်း ဖမ်းဆီးခံခဲ့ရသူ လူငယ်အယောက် ၃၀ ထက်မနည်းရှိနေပြီး ဘယ်မှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024