မြင်းခြံမြို့၌ ကျောင်းသားနှင့်ပြည်သူပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန္ဒပြ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇွန် ၂၃ ရက် ဒီနေ့မနက်က  မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ဒေသခံ ပြည်သူလူထုဟာ  စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ 

၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

More News
Up