စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒီနေ့ ဇွန် ၂၂ ရက် နေ့ခင်း ၂ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီတပ်တွေက တရော်ကျင်းရွာထဲက စာသင်ကျောင်းထဲကနေ အကာအကွယ်ယူပြီး ပစ်နေတာ။ ရွာထဲက လူတွေကတော့ မနက်ခင်းကတည်းက ဘေးလွတ်ရာကို ရှောင်နေရတယ်။ ရွာထဲတော့ ရွာသားတွေ မကျန်လောက်ဘူး ထင်တာပဲဗျာ။ နှစ်ဘက် အကျအဆုံးကတော့ လက်ရှိအချိန်အထိ မသိရဘူး” လို့ ပြောပါတယ်။
အခု တိုက်ပွဲဖြစ်ပွားရာဒေသဟာ ကနီမြို့နဲ့ ယင်းမာပင်မြို့နယ်ကြားမှာရှိတဲ့ သမိုင်းဝင် အလောင်းတော်ကဿပဘုရား သွားရာအစ လမ်းဆုံက ကျေးရွာလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ ပစ်ခတ်မှုဖြစ်ကာ ပြည်သူ ၆ ဦး ကျဆုံးခဲ့တဲ့ရွာ ဖြစ်ပါတယ်။