မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာက စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဟာ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
နောင်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းဟာ သူ့နေအိမ်မှာ သစ်သီးဆိုင်ဖွင့်ပြီး ဈေးရောင်းနေစဉ် အမည်မသိ ဆိုင်ကယ်စီးလာသူ ၂ ဦးက ဒူးရင်းသီး လာဝယ်ရင်း သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။
အုပ်ချုပ်ရေးမှူ ဦးစိုးသိန်းဟာ သေနတ် ၄ ချက် ထိမှန်ခဲ့ပြီး အခင်းဖြစ်ရာ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး သေဆုံးပြီးနောက် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သထုံမြို့နယ် နေရာအချို့မှာ ပိတ်ဆို့ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းဟာ မွန်ပြည်နယ်မှာ ပထမဦးဆုံး ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။