ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲများ အရှိန်တိုးမြှင့်

ဘန်ေကာက်ရှိ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒြပသူများ အားေတွ့ရစဉ် (ဓာတ်ပံု - Reuters)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ အစိုးရ၀န်ကြီးဌာနတချို့ကို သိမ်းပိုက်ထားပြီး နိုဝင်ဘာ ၂၇ ရက် ဒီနေ့မှာ အထူးစုံစမ်းစစ်ရေးရေးဌာနကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ ဆန္ဒပြသမားတွေ သိမ်းပိုက်ထားတဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဆန္ဒပြခေါင်းဆောင် ဆူထပ် ထောင်စူဘန်းက မိန့်ခွန်းပြောရာမှာ အစိုးရအဖွဲ့ကို အာဏာရှင်အစိုးရလို့ စွပ်စွဲလိုက်ပြီး အစိုးရ၀န်ထမ်းတွေကိုလည်း အလုပ်တွေကို ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆန္ဒပြသမားတွေဟာ ၀ီစီတွေကို မှုတ်၊ အလံတွေကို ဝှေ့ရမ်းရင်း အထူးစုံစမ်းစစ်ဆေးရေး အဆောက်အဦးဆီကို ချီတက်သွားကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က စလို့ ဆန္ဒပြသမား ထောင်ပေါင်းများစွာဟာ ပြည်ထဲရေး ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတို့ကို ၀ိုင်းခဲ့ပြီး အစိုးရကို ဖြုတ်ချဖို့ ဆန္ဒပြပွဲတွေလည်း အရှိန်မြင့်တက်နေပါတယ်။ [caption id="attachment_47123" align="alignleft" width="300"] ဘန်ကောက်ရှိ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသူများ အားတွေ့ရစဉ် (ဓာတ်ပုံ - Reuters)
ဘန်ကောက်ရှိ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသူများ အားတွေ့ရစဉ် (ဓာတ်ပုံ - Reuters)[/caption]ဆန္ဒပြသမားတွေဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က အစိုးရက ထုတ်ပြန်ခဲ့တဲ့ တင်းကျပ်တဲ့ ပြည်တွင်း လုံခြုံရေးဥပဒေကို အန်တုပြီး အစိုးရ၀န်ကြီးဌာနတွေကို သိမ်းပိုက်တာနဲ့ မီးဖြတ်၊ ရေဖြတ်တာတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ယင်းလပ်နဲ့ သူမရဲ့ ပွေ့ထိုင်းပါတီကတော့ ပါလီမန်ထဲမှာ အယုံအကြည်မရှိ အဆိုနဲ့ ရင်ဆိုင်နေရပါတယ်။ ၀န်ကြီးချုပ်ယင်းလပ်ရဲ့ အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းနဲ့ ချမ်းသာခဲ့ပြီး ဆင်းရဲသားနဲ့ တောနေလူထုတွေကြားမှာ အလွန် ရေပန်းစားခဲ့ပါတယ်။ ဘန်ကောက်မြို့နေ လူလတ်တန်းစားအများစုကတော့ သူ့ကို ဆန့်ကျင် ကြပါတယ်။ ၀န်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ဟာ ဘုရင်ရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်မှု၊ ကိုယ်ကျိုးစီးပွားနဲ့ အခွင့်အာဏာ အလွဲသုံးစားပြုမှုတွေနဲ့ တရားစွဲဆို ခံရပါတယ်။ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတာကို ရှောင်တိမ်းရင်း ၂၀၀၈ ခုနှစ်ကစပြီး ပြည်ပမှာပဲ နေထိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ၀န်ကြီးချုပ် ယင်းလပ်ဟာ ကြာသပတေးနေ့မှာ ပါလီမန်ထဲက အယုံအကြည်မရှိ အဆိုကို အနိုင်ရမယ်လို့ မျှော်လင့်ရပေမယ့် လမ်းမတွေပေါ်က ဆန္ဒပြပွဲတွေကိုတော့ ဖြေရှင်း နိုင်အုန်းမယ့် ပုံမပေါ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up