Sunday, May 28, 2023
Homeမြန်မာသတင်းမြန်မာစစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်း ၂ ခုကို ယူကေက ပိတ်ဆို့ဒဏ်ခတ်အရေးယူ

မြန်မာစစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်း ၂ ခုကို ယူကေက ပိတ်ဆို့ဒဏ်ခတ်အရေးယူ

မြန်မာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးလုပ်ငန်း ၂ ခုကို ထပ်မံပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တဲ့အကြောင်း  ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ်က ဇွန် ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

မြန်မာစစ်အစိုးရရဲ့ စီးပွားရေးအကျိုးစီးပွားကို  ပစ်မှတ်ထားကာ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီနဲ့ စစ်အုပ်စုကို ဒေါ်လာသန်းချီဝင်ငွေရစေတဲ့ လုပ်ငန်း ၂ ခုဖြစ်တဲ့  မြန်မာ့သစ်လုပ်ငန်းနဲ့ မြန်မာ့ ပုလဲလုပ်ငန်းတို့ကို  ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေချမှတ် လိုက်တာလို့ ဆိုပါတယ်။ 

ခုလို ပိတ်ဆို့ဒဏ်ခတ်မှုဟာ ဒီမိုကရေစီကို  အလေးမထားဘဲ မြန်မာအရပ်သားတွေအပေါ် လူမဆန်စွာဖိနှိပ်နေတဲ့ မြန်မာစစ်ကောင်စီကို  ယူကေအနေနဲ့ ငွေကြေးထောက်ပံ့မှု ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီကို ဖြိုချဖျက်ဆီးပြီး  အရပ်သားတွေကို လူမဆန်စွာ ရက်ရက်စက်စက် ဆက်လက် သတ်ဖြတ်နေတယ်၊   စစ်အစိုးရ တာဝန်ခံမှုရှိစေဖို့  တာဝန်ရှိသူတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူတာတွေကို ဒီမိုကရေစီပြန်ရတဲ့အထိ  ဆက်လုပ်သွားမယ်လို့  ယူကေ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ယူကေက ကုန်သွယ်မှုတိုးမြှင့်ရေးဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆက်လက် ဆိုင်းငံ့ထားမယ်လို့လည်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

အခုလို ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့  Burma Campaign UK က ကြိုဆိုလိုက်ပြီး မြန်မာစစ်တပ်ရဲ့ စီးပွားရေး အသက်သွေးကြောတွေကို ထပ်မံဖြတ်တောက်ပစ်ရေး ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ယူကေအစိုးရဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ခေါင်းဆောင်တွေကိုလည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။ 

Photo- DominicRaab

RELATED ARTICLES
- Advertisment -
Google search engine

Most Popular