အမေရိကန်တပ်တွေ အာဖဂန်မှာ ဆက်နေဖို့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို အမြန်ဆုံး လက်မှတ်ရေးထိုးစေချင်

အိမ်ြဖူေတာ် ေြပာေရးဆိုခွင့်ရှိသူ ဂျန်ပါကီး
အမေရိကန်တပ်တွေ လာမယ့်နှစ်ကို ကျော်ပြီး အာဖဂန်နစ္စတန်မှာ ဆက်နေဖို့ အာဖဂန် အနေနဲ့ အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို “မြန်နိုင်သမျှ အမြန်ဆုံး” လက်မှတ်ရေးထိုးစေချင်တယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က ပြောလိုက်ပါတယ်။ [caption id="attachment_47103" align="alignleft" width="300"]အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါကီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါကီး[/caption]အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန် ရိုက်စ်နဲ့ နိုဝင်ဘာ ၂၅ ရက်က တွေ့စဉ်က သူ့အနေနဲ့ ရေးကြီးသုတ်ပျာ လက်မှတ် ရေးထိုးဖို့ မရှိသေးကြောင်း ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပါ့ကီက “မြန်နိုင်သမျှ အမြန်ဆုံး လက်မှတ် ရေးထိုးချင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။ သမ္မတ ကာဇိုင်းက ဒီ သဘောတူညီချက်နဲ့ ပတ်သက်လို့ တောက်လျှောက် မေးခွန်းထုတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက် တနင်္ဂနွေနေ့က အာဖဂန်လူကြီးသူမများ ညီလာခံကတော့ သဘောတူညီချက်ကို လက်ခံခဲ့ပြီး သမ္မတ ကာဇိုင်းကို အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် အာဖဂန်သမ္မတကတော့ လာမယ့် ဧပြီလမှာ လုပ်မယ့် သမ္မတ ရွေးကောက်ပွဲ ပြီးတဲ့အထိ သူ့အနေနဲ့ လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ လက်မှတ်မထိုးခင် အာဖဂန်မှာ ငြိမ်းချမ်းရေး ရှိဖို့ လိုတယ်လို့ ပြောပါတယ်။ ကဘူးလ်မြို့တော်မှာတော့ သမ္မတကာဇိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက အာဖဂန် သမ္မတ အနေက သဘောတူညီချက် လက်မှတ် မထိုးခင်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရပ်သား နေအိမ်တွေကို စစ်ဆင်ရေး လုပ်နေတာတွေကို ရပ်တန့်ဖို့နဲ့ ဂွာတာနာမို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ အာဖဂန်လူမျိုးတွေ အားလုံးကို ပြန်ပို့ ပေးဖို့ လိုလားတယ်လို့ ပြောပါတယ်။ အာဖဂန်မှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ၃ ရက်ကြာ သွားရောက် လေ့လာဖို့ ရှိတဲ့ မစ္စစ် ရိုက်စ်ကတော့ ရွေးကောက်ပွဲပြီးမှ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up