
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဇွန်လ ၂၀ ရက် ညနေပိုင်းက ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံသေဆုံးသွားပါတယ်။
“ညနေပိုင်းလာစစ်ဆေးတယ် ကျနော်တို့ Swab စင်တာမှာ RDT Test kits စစ်ဆေးတယ်။ လာစစ်ဆေးသူ ၉၄ ယောက်ရှိတယ်။ အဲဒီထဲမှာပိုးတွေ့တာ ၃၁ ယောက်ရှိတယ်။ သေဆုံးသူ ၂ ယောက်က စစ်ဆေးပြီး၊ မကြာဘူး သေဆုံးသွားတယ်”လို့ ပရဟိတ လုပ်သူတစ်ဦးက ပြောပါတယ်
ကလေးမြို့မှာ ဆေးရုံက အတည်ပြုထားတဲ့စာရင်းအရ ကိုဗစ်-၁၉ ကူးစက်ပြီးသေဆုံးသူ ၂၇ ယောက်အထိရှိပါတယ်။ ဒါ့အပြင် တွေအပြင်မှာ ကိုဗစ် ဆေးစစ်ခြင်းမရှိဘဲ အပြင်မှာ သေဆုံးသူ အယောက် ၂၀ လောက်ရှိတယ်လို့လည်း ဒေသခံ ကိုဗစ်အရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
ကလေးမြို့မှာ ဇွန်လ ၂၀ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ပြီး ဆေးရုံတက်သူ ၆၂၆ ယောက်ရှိပြီး ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၂၄၉ ယောက်ရှိတယ်လို့ ကလေးမြို့ပြည်သူ့ဆေးရုံ စာရင်းတွေအရ သိရပါတယ်။