DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့ ဆွေးနွေး
DVB
·
November 26, 2013
တပြည်လုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာမူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့ ဆွေးနွေး
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့  အန်စီစီတီလို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်တွေဟာ လာမယ့် ဒီဇင်ဘာလလ ဘားအံမှာကျင်းပဖို့ရှိနေတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင်မှာ တွေ့ဆုံ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

IMG_2064 ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အဓိကအားဖြင့် အစိုးရက အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းနဲ့ တိုင်းရင်းသားတွေ ဘက်က လိုလားချက်တွေကို ပြန်လည်  သုံးသပ် ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့  ဆွေးနွေးပွဲ တက်ရောက်သူ ကေအန်ယူရဲ့ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ခုလိုပြောပြပါတယ်။

“တပြည်လုံးအပစ်အခတ် ရပ်စဲရေးဆိုတဲ့ သဘောတူညီချက်အပေါ်မှာ မူကြမ်းရေးဆွဲရေး အဖွဲ့က တင်ပြလာတာကို ဆွေးနွေးတာဖြစ်တယ်။ သဘောတူညီချက်ဆိုတာတော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ဘက်က ပြင်ဆင်စရာရှိတာကို ပြင်ဆင်တယ်။ ဖြည့်စွက်တယ်။ လိုအပ်တာတွေကို ထပ်ထည့်တယ်။ ဒီနေ့တော့ ဒီဆွေးနွေးပွဲမှာ ဒါကိုပွဲ ဆွေးနွေးသွားတယ်လေ။ အခြေခံမူတွေရှိတယ်။ အပစ်အခတ်ရပ်စဲရေးရဲ့ ရပ်တည်ချက်တို့ ရည်ရွယ်ချက်တို့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိစ္စတို့ ဒါတွေပဲလေ။ ခေါင်းစဉ်တော့ မပြင်ဘူးပေါ့နော်။ ရေးသားထားတဲ့ စာသားအချို့ကိုပဲ ပြင်ပါတယ်။”

ဒီ ၃ ရက်တာ ဆွေးနွေးပွဲဟာ တပြည်လုံးအပစ်ခတ်ရပ်ရေးအတွက် တိုင်းရင်းသားဘက်က မူဘောင် သဘောတူညီချက်တခုကို ရရှိဖို့ ရည်ရွယ်ပြီး အစိုးရရဲ့ အဆိုပြုချက်တွေပေါ်မှာတော့ ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူးလို့လည်း သူက ဖြည့်စွက် ပြောပြပါတယ်။

ဒါအပြင်  ဒီဆွေးနွေးပွဲမှာ  အန်စီစီတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုရော အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ရေးဆွဲမှုတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ  ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ယူအန်အက်ဖ်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး  ဦးခွန်ဥက္ကာ အပါအ၀င်  အန်စီစီတီအဖွဲ့ဝင် ၁၀ ဦး၊    အကြံပေးအဖွဲ့၊  လေ့လာသူနဲ့ ရုံးအဖွဲ့ဝင်တွေ စုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ပါတယ် ။

နောက် ကျန်တဲ့ ၂ ရက်မှာတော့  မြန်မာပြည်တွင်းကို ခရီးလွန်နေတဲ့   ခေါင်းဆောင် နိုင်ဟံသာ၊ ဖဒိုဒေးဗစ်သာကပေါ၊ ခွန်းအေဘယ်တွိနဲ့  အေအယ်ပီ ရခိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါ ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ဖို့အတွက်   အန်စီစီတီအဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်း ၂ ရက်နေ့က  ကချင်ပြည်နယ် လိုင်ဇာမြို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကနေ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့က ကိုယ်စားလှယ် ၁၄ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး  နိုင်ဟံသာ ၊ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနဲ့ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

တပြည်လုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ဟာ လာမယ့် ဒီဇင်ဘာလ ကျရင် ကရင်ပြည်နယ် ဘားအံမြို့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013