စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ကျေးရွာတွေကို စီးနင်းရှာဖွေမှုတွေပြုလုပ်ပြီး မင်းကင်းမြို့နယ်ကို ပြန်ကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF အဖွဲ့တို့ မင်းကင်းမြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ နေ့လယ် ၁ နာရီကျော်လောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ အခုအချိန်ထိပါပဲ။ ကျနော်တို့ နှစ်ဘက် ကျဆုံးအခြေအနေတွေက မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောတယ်။
စစ်ကောင်စီတပ်က မနေ့က ကနီနယ်အတွင်းက ကျေးရွာတွေကိုဝင်ပြီး ပစ္စည်တွေ ဖျက်ဆီးတာ၊ ယူဆောင်တာ၊ အပြစ်မဲ့ ဒေသခံပြည်သူတွေကို ရိုက်နှက်၊ သတ်ဖြတ်တာကြောင့် မခံနိုင်လို့ ရရာလက်နက်နဲ့ ပြန်လည်ခုခံနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။