စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၂ ဦး ဇွန်လ ၁၉ ရက် ညပိုင်းက ထပ်မံ သေဆုံးသွားတယ်လို့ ကလေးမြို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“မနေ့ ကလေးမြို့ဆေးရုံကြီးမှာ ကိုဗစ်ပိုးစစ်ဆေးသူ ၇၁ ယောက်ရှိတယ်။ အဲဒီ ၇၁ ယောက်ထဲ ၃၀ ယောက် ပိုးတွေ့တယ်။ မနေ့က တရက်တည်း ကလေးမြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၃၀ ယောက်ရှိတယ်”လို့ ကလေးမြို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ကလေးမြို့က ကိုဗစ်-၁၉ စင်တာမှာ ကိုဗစ်ပိုးတွေ့လူနာ ၃၂၁ ဦး ခန့်ရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရှိသူ ၇၃ ဦးရှိနေကာ သေဆုံးသူ ၄၀ လောက်ရှိတယ်လို့ သိရပါတယ်။