ဆီးဂိမ်း ကြည့်ဖို့ Set-top box ၂၆၀၀၀ အခမဲ့ ဝေမည်

ဆင်းရဲပြီး တီဗွီရှိတဲ့ မိသားစုတွေ ဆီးဂိမ်းအပါအ၀င် အစိုးရက ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေကို ကြည့်ရှုနိုင်ဖို့ ဒီဂျစ်တယ် Set-top box တွေ အခမဲ့ ဖြန့်ဖြူးပေးသွားမယ်လို့ မြန်မာ့ရုပ်သံဌာနရဲ့ ညွှန်မှူး ဦးမြင့်အောင်က ပြောပါတယ်။ Mental 4 copyနိုဝင်ဘာ ၂၄ ရက် ရန်ကုန် သိမ်ဖြူလမ်း ဗဟို ပုံနှိပ်ဝင်း အဆောက်အဦမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာ ဖြစ်ပြီး လာမယ့် ဆီးဂိမ်းမတိုင်မီ ရန်ကုန်နဲ့ မန္တလေးက ဆင်းရဲသူ မိသားစု ၂ သောင်း ၆ ထောင်လောက်ကို ဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။ အိမ်ထောင်စုတခုလုံးရဲ့ ၀င်ငွေ ၁ လ ကျပ် ၁ သိန်းခွဲအောက်ပဲရှိမယ်၊ တဲ ဒါမှမဟုတ် သစ်သားအိမ်နဲ့ နေသူတွေ ဖြစ်ပြီး တီဗွီရှိတဲ့အိမ်တွေကို ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းပြီးသွားရင်တော့ နောက်ပိုင်း မြန်မာ့ရုပ်သံလိုင်းက တိုးချဲ့ ထုတ်လွှင့်နေတဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်းတွေကို ဖမ်းယူ ကြည့်ရှုနိုင်ဖို့ Set-Top Box အလုံးရေ ၃ သိန်း ၃ သောင်း ၅ ထောင်ကို ၁ လုံး ၁၄ ဒဿမ ၇ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၅ သန်းဖိုး နီးပါး ၀ယ်ယူမှာ ဖြစ်ပြီး အဲဒီ အထဲကမှ ဒေါ်လာ ၄ သန်းခွဲဖိုးလောက် တန်ကြေးရှိတဲ့ Set-Top Box အလုံး ၃ သိန်းကျော်ကို အခမဲ့ ဖြန့်ဝေပေးမယ်လို့ ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။

More News
Up