Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်နှင့် မပူးပေါင်းရန် ဂျပန်ကုန်သွယ်ရေး၀န်ကြီးဌာနကို ဆန္ဒပြ
DVB
·
June 18, 2021
199469596_10226402171938610_5159062851308364113_n
198701991_10226402175938710_6271862830085795138_n
195530229_10226402170818582_587899976642694753_n
200955630_10226402233300144_2097141899348151877_n
200334998_10226402173658653_4164568677922871281_n
199805469_10226402173778656_784646012463528465_n
199565354_10226402169738555_6416625679282981042_n

အကြမ်းဖက်လူသတ်စစ်ကောင်စီနဲ့ ဆက်ဆံနေတာတွေ ရပ်တန့်ဖို့ တိုကျိုမြို့က ချိအိုဒမြို့ ဂျပန် ကုန်သွယ်ရေးဝန်ကြီးဌာနရှေ့နဲ့ ဂျပန်စီးပွားရေးအင်အားကြီးလုပ်ငန်းစုရုံးတွေရှေ့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ ဂျပန်အန်ဂျီအိုတွေက ဇွန် ၁၈ ရက် နေ့လယ်ပိုင်းက ပူးပေါင်းဆန္ဒပြ တောင်းဆိုကြပါတယ်။

ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ Mekong Watch ၊ NGO FoE Japan ၊ စစ်လက်နက်ကုန်သွယ်ရေးဆန့်ကျင်သောကွန်ရက် (NAJAT)အပါအဝင် ဂျပန်အန်ဂျီအို ၄၀ကျော် တို့ရဲ့ စုပေါင်းလက်မှတ်ထိုးတောင်းဆိုစာကိုလည်း ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနတာဝန်ရှိ အရာရှိက လက်ခံ ယူခဲ့ပါတယ်။

ဂျပန်အစိုးရကို ဆက်ပြီးတင်ပြပေးပါမယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန လက်ခံသူအရာရှိက ပြောခဲ့ တယ်လို့လည်း ဒီနေ့ဆန္ဒပြပွဲမှာ ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်ဆွေက  ပြောပါတယ်။

မီဆူဘီရှီကော်ပိုရေးရှင်းရုံးချုပ်တာဝန်ရှိသူတွေကလည်း ဆန္ဒပြသူတွေကို ရုံးအတွင်း လက်ခံ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲမှာ လက်ရှိအခြေအနေတွေကို သူတို့အနေနဲ့ မြန်မာပြည်သူတွေ အတွက်ပါအကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားဆောင်ရွက်သွားမယ်လို့ ပြောကြောင်း ဆွေးနွေးပွဲပါဝင်သူ မသင်းသင်းဦးက ပြောပါတယ်။

ဂျပန်ပြည်သူတွေရဲ့ အခွန်တွေနဲ့ ဂျပန်အစိုးရက ကူညီတာဖြစ်ပြီး စစ်ကောင်စီကြောင့် မြန်မာပြည်သူတွေ အသက်တွေ မသေစေချင်လို့ အခုလို ဆန္ဒပြတောင်းဆိုတာလို့လည်း NGO FoE Japan အဖွဲ့ဝင် မိနိုရု ဆပ်ချီခဝက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို တိုကျိုမြို့ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု၀န်ကြီးဌာနအပြင် JX Oil Development(ENEOS)  ရုံး၊ မီဆူဘီရှီ ကော်ပိုရေးရှင်းရုံးရှေ့တွေမှာပါ ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

သတင်း ဓါတ်ပုံ ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024