မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ပညာရေးဌာနက အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ထပ်မံပါဝင်လာကြတဲ့ ဝန်ထမ်းဦးရေဟာ ၁၂၀ နီးပါးရှိတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရပါတယ်။
''အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရဆီကနေ အာဏာလုပြီးကတည်းက ကျနော်တို့က ကျောင်းလည်းမတက်ကြဘူး။ လစာလည်းမထုတ်ကြဘူး။ စစ်ကောင်စီက အလုပ်ထုတ်တဲ့အထဲမှာလည်း မပါကြသေးလို့ မြို့နယ်ရုံးကိုတော့ ပြောထားတယ်။ ရာထူး ကထုတ်ပယ်တဲ့စာထပ်ထုတ်တာ မထုတ်တာတော့ သူတို့အပိုင်းပေါ့။ သူတို့က CDM စာရင်းကို လျော့စေချင်တာ။ မလျော့တဲ့အပြင် ထပ်တောင်တိုးနေသေးတယ်။ CDM စာရင်းကို မြို့နယ်ရုံးက အပေါ်ရုံးကိုလျော့ပြီး တင်ထားတယ်နဲ့တူတယ်'' လို့ အာဏာဖီဆန် CDM မှာပါဝင်တဲ့ ဆရာတစ်ဦးက ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ပညာရေးဝန်ထမ်းပေါင်း ၂၄၀၀ ကျော်ရှိပြီး အာဏာဖီဆန် (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် စစ်ကောင်စီက ပညာရေးဝန်ထမ်း ၃၉၅ ဦးကို ရာထူးက ထုတ်ပယ်လိုက်ထားပါတယ်။