အမေရိကန်-ရုရှား လက်နက်ထိန်းချုပ်ရေးနှင့် ဆိုင်ဘာလုံခြုံရေး တွေ့ဆုံဆွေးနွေး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့  ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ဇွန် ၁၆ ရက်က အစည်းအဝေးအတွင်း လက်နက်ထိန်းချုပ်ရေးနဲ့ ဆိုင်ဘာလုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးရာမှာ တိုးတက်မှု နည်းနည်းနဲ့ မတူခြားနားမှုကြီးကြီးမားမားကို သူတို့ရဲ့ ပထမဆုံး ထိပ်သီးညီလာခံမှာ မှတ်တမ်းတင်ခဲ့ပြီး ဒါဟာ ချစ်ခင်ရင်းနှီးမှုထက် စာရင် လက်တွေ့ဆန်တယ်လို့ သမ္မတ နှစ်ဦးက  ရည်ညွှန်း ပြောဆိုခဲ့ကြပါတယ်။

ဘိုင်ဒင်ကတော့  အပြန်အလှန် အကျိုးစီးပွားနဲ့ ပတ်သက်ရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိသင့်ပြီး လုပ်ဖို့လိုတဲ့အရာအတွက်  လုပ်ခဲ့တယ်လို့ ပူတင်ကို ပြောခဲ့တဲ့ အကြောင်း ပြန်ပြောပြပါတယ်။

ပူတင်ကတော့ အမေရိကန်နဲ့ အပြန်အလှန် ယုံကြည်မှုအတွက် မျှော်လင့်ချက် ပါးပါးကို မြင်ခဲ့ပေမဲ့ လက်နက်ဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ အမေရိကန်ရဲ့ အကွက်ရွှေ့မှုက ခန့်မှန်းရခက်တယ်လို့ ဇွန် ၁၆ ရက်က အစည်းအဝေး အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘိုင်ဒင်ဟာ အပြုသဘောဆောင်ပြီး ဝါရင့်တဲ့ မိတ်ဘက်အဖြစ် ပူတင်က ရည်ညွှန်းခဲ့ပြီး ခေါင်းဆောင် ၂ ယောက်ဟာ ထိပ်သီးညီလာခံနဲ့ ပတ်သက်လို့ လေသံတူတယ်လို့ သူက ပြောခဲ့ သလို ဆွေးနွေးပွဲတွေဟာ လက်တွေ့ကျပြီး ကောင်းကျိုး များတယ်လို့လည်း ဆိုပေမဲ့ အမေရိကန်နဲ့ ဆက်ဆံရေးက တိုးတက်လာမလားဆိုတာ ပြောဖို့ ခက်တယ်လို့ ပူတင်က ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ တင်းမာနေတဲ့ အခြေအနေမှာတောင် တူညီတဲ့ ပန်းတိုင်တွေအတွက် တိုးတက်မှု ရအောင် လုပ်နိုင်ခဲ့တယ်ဆိုတာ အစည်းအဝေးက ပြသနေတယ်လို့ အမေရိကန်နဲ့ ရုရှားခေါင်းဆောင် ၂ယောက်စလုံးက ပြောခဲ့ကြပါတယ်။

More News
Up