Sunday, June 11, 2023
HomeLead Storyပုသိမ်တွင် အကြမ်းဖက်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ် ၁ ဦးသေ

ပုသိမ်တွင် အကြမ်းဖက်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ် ၁ ဦးသေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဝန်ကြီးများအိမ်ရာဝင်းထဲမှာ ဇွန်လ ၁၄ ရက် ညနေပိုင်းက အကြမ်းဖက်စစ်သားအချင်းချင်း စကားများပြီး ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရက်သေစာ သောက်စားရာကနေ စကားများပြီး ပစ်ခတ်ခဲ့ကြတာလို့ လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ “အဲဒီညက ၆ နာရီကျော်လောက်ရှိပြီ အချင်းချင်း စကားများတာ အမှန်က။ ပစ်တာက ရန်ဖြစ်လို့ ရှင်းပြီးမှ ထပ်ဖြစ်ပြီ ပစ်တာ’”လို့ ပြောပါတယ်။

အကြမ်းဖက်စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ချိန်ဟာ မိုးတအားရွာနေချိန်ဖြစ်တာကြောင့် အပြင်ဘက်က ပြည်သူတွေ သိပုံမရဘူးလို့ ဆိုပါတယ်။

ဝန်ကြီးများအိမ်ရာဝင်းထဲမှာ  စစ်အာဏာသိမ်းတဲ့နေ့က စတင်ပြီး ဒေသခံ စစ်တပ်က တပ်စွဲထားတာ ဖြစ်ပါတယ်။

ပုသိမ်မြို့မှာ မေ ၂၉ ရက်ကလည်း တိုင်းရဲ ရုံးက ရဲအရာရှိနဲ့ ရဲဒုတပ်ကြပ်တို့ စကားများရာကနေ အချင်းချင်းပစ်ခတ်လို့ ရဲဒုတပ်ကြပ် ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular