Saturday, June 10, 2023
HomeCOVID19ကလေးဝမြို့ ၌ ကိုဗစ်-၁၉ သံသယ လူနာ ၆ ဦး ထပ်မံတွေ့ရှိ

ကလေးဝမြို့ ၌ ကိုဗစ်-၁၉ သံသယ လူနာ ၆ ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ဇွန်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ သံသယလူနာ ၆ ယောက်  တွေ့ရှိတယ်လို့  မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဒီနေ့ ကလေးဝမြို့ပြည်သူ့ဆေးရုံမှာ အနံ့မရလို့ လာရောက်ပြသတယ်။ နောင်ဖနန်ကျေးရွာက  ၄ ဦး၊  အမှတ်(၁)ရပ်ကွက်က ၂ ဦး စုစုပေါင်း ၆ ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်”လို့ မြို့ခံ  လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

ကလေးဝမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း အယောက်  ၂၀ ထိရှိလာပြီး ၁ ယောက် သေဆုံးခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular