Wednesday, May 31, 2023
HomeLead Storyသပိတ်ကျင်းမြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းတွင် အသံဗုံး ပေါက်ကွဲမှုဖြစ်

သပိတ်ကျင်းမြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းတွင် အသံဗုံး ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာ အထက ကျောင်းနဲ့ ရွှေ‌ကျွန်းပင် ကျေးရွာ အထကခွဲ ကျောင်းတွေမှာ ဇွန်လ ၁၆ ရက် ဒီမနက် ၇ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်တပင် အထကကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသား ၄၀၀  လောက်ရှိကာ ရွှေကျွန်းပင် အထက ခွဲမှာတော့ ကျောင်းတက်သူ  ၅၀ လောက် ရှိတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ အသံဗုံး ဖြစ်နိုင်ကြောင်းနဲ့ ကျောင်းတက်ချိန် မရောက်ခင် ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတချို့ကပြောပါတယ်။

အခုပေါက်ကွဲမှု ဖြစ်တာဟာ သပိတ်ကျင်းမြို့နယ်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပါတယ်။ လတ်တလောမှာတော့ ပေါက်ကွဲမှု ဖြစ်ရာ နေရာတွေကို စစ်ကောင်စီတပ်တွေ ရောက်ရှိနေပါတယ်။

ဓာတ်ပုံ CJ

RELATED ARTICLES
- Advertisment -
Google search engine

Most Popular