စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းကျေးရွာမှာ ဇွန်လ ၁၃ ရက်နေ့က အကြမ်းဖက်စစ်တပ်က ဘုရားအလှူငွေတွေနဲ့ ပြည်သူတွေရဲ့ ငွေတွေကို ယူသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့ရွာက ဘုရားအတွက် အလှူခံထားတဲ့ ပိုက်ဆံ ကျပ် ၇ သိန်းလည်း ယူသွားတယ်။ ကိုအောင်ဆန်းသိန်း အိမ်က ၁၀ သိန်း၊ ကိုအောင်ဇော်မြင့် အိမ်က ၆ သိန်း၊ ဦးအောင်တင်ဆန်း အိမ်က ၂၄၀၀၀၀ သိန်း၊ ကိုအောင်ဝင်း ယင်းမာအုပ်စု ဂေါပကဥက္ကဋ္ဌ ဘုရားရွှေဖိုးငွေ ၇သိန်းကျော်၊ ဦးဘိုချီ အိမ်က ၄သိန်းခန့်၊ ဦးသန်းတင့်အောင် အိမ်က ၉ သိန်း၊ မြေနီရွာက မမြလေး အိမ်မှာရှိတဲ့ ကားသမား ၄ ယောက်ကိုလည်း ရိုက်နှက်ပြီး ၃သိန်းခွဲ အကြမ်းဖက်စစ်တပ်က ယူသွားတယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်တွေဟာ ရွာထဲက လူနေအိမ်တချို့ကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။