DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့နယ် သာစည်အုပ်စုရှိ တောင်သူ ၁၀၀ လောက် ဆန္ဒပြ
DVB
·
November 25, 2013
ဟင်္သာတမြို့နယ် သာစည်အုပ်စုရှိ  တောင်သူ ၁၀၀ လောက် ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင်းက  တောင်သူလယ်သမားတွေဟာ လယ်ယာမြေတွေ ရေနစ်မြုပ်ခဲ့ရမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဟင်္သာတမြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

[caption id="attachment_46969" align="alignright" width="300"]Photo by Himthada facebook Photo by Himthata facebook[/caption]

ဟင်္သာတမြို့နယ် သာစည်၊ ကျောင်းကွင်းနဲ့ သုံးခွကျေးရွာအုပ်စုက တောင်သူလယ်သမားတွေဟာ အင်းသူကြီးတွေရဲ့  ငါးဖမ်းလုပ်ကိုင်မှုကြောင့်  နှစ်စဉ် သူတို့ရဲ့ လယ်ယာမြေတွေ ရေနစ်မြုပ်တဲ့အတွက် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ပေးဖို့နဲ့  ဒီအင်းသူကြီးတွေကို အရေးယူပေးဖို့ တောင်းဆို  ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ရတာနဲ့ ပတ်သက်ပြီး  သာစည်ကျေးရွာအုပ်စု သဘာဝကျေးရွာက တောင်သူ ဦးမျိုးမြင့်က အခုလို ပြောပါတယ်။
“လယ်ယာမြေတွေ ရေကြီး နစ်မြှုပ်နေတဲ့ အတွက်ကြောင့် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ကျနော်တို့ သာစည်ပိုင် သဘာဝကျေးရွာက အဓိက ဖြစ်နေပါတယ်ခင်ဗျာ။ နှစ်စဉ် နှစ်တိုင်း မိုးရွာတာနဲ့ ရေစနစ်တာပါပဲခင်ဗျာ။ မိဘဘိုးဘွားလက်ထက်ကတည်းက နစ်မြှုပ်လာတာကို မိဘဘိုးဘွားတွေလက်ထက်က ထင်သာမြင်သာ ရှိတဲ့အချိန်မဟုတ်တဲ့အတွက် လာရောက်ကြည့်ရှုခြင်းလည်း မရှိဘူး။ ကျနော်တို့က နှစ်တိုင်း ရေနစ်တဲ့ လယ်မြေစာရင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး တင်ရတယ်။  ရေနစ်တဲ့ လယ်မြေစာရင်းတင်တဲ့အခါမှာလည်း အုပ်ချုပ်ရေးမှူးတွေက သူတို့ဆီ စာမရောက်ဘူးလို့ ပြောဆိုတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးအဆက်ဆက်ကလည်း အင်းလုပ်ကိုင်တဲ့ အင်းသူကြီးတွေဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။”

ဒီနေ့ ဆန္ဒထုတ်ဖော်ရာမှာ အဓိက အချက် ၆ ချက်ကို တောင်းဆိုခဲ့တယ်လို့ တောင်သူ လယ်သမားအရေး ကူညီဆောင်ရွက်ပေးတဲ့ လူ့အခွင့်အရေး ကာကွယ်မြင့်သူများအဖွဲ့က ဦးကျော်သက်ဦး က အလို ပြောပါတယ်။

“အဓိက တောင်းဆိုချက် ၆ ချက်ရှိတယ်။ ဟင်္သာတမြို့နယ် လယ်ယာမြေ ရေနစ်မြုပ်ခံခဲ့ရသော လယ်သမားများ၏ နှစ်နာဆုံးရှုံးမှုများအား အမြန်ဆုံး လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ခနွယ်ကြီး စ္ပတ္တရာဆည်ချက်အား ရာသက်ပန်ဖျက်သိမ်းပေးရန်၊ အင်းစည်းကမ်းချိုးဖောက်လုပ်ကိုင်သူ အင်းသားကြီး ဦးငွေသိန်း (အုပ်ချုပ်ရေးမှူး)အား အရေးယူပေးရန်၊ ရေစီးရေလာ ကောင်းမွန်ရန်အတွက် ရေနှုတ်မြောင်းများကို လိုအပ်သလို တူးဖော်ပေးရေး၊ အချိန်နှင့်တပြေးညီ ကွင်းဆင်လုပ်ကိုင်ခြင်းမရှိသော ဌာနဆိုင်ရာများအား အရေးယူပေးရေး၊ အမှန်တကယ် ရေနစ်မြှုပ်ခံ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ အချိန် အတိုင်းအတာတခုအထိ ကန့်သတ်ဆိုင်းငံ့ပေးရေးပေါ့။”

ဆန္ဒပြ လယ်သမားတွေဟာ တောင်းဆိုချက်တွေကို ရေးသားထားတဲ့ ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဟင်္သာတမြို့ပေါ် လှည့်လည်ကာ မြို့နယ်အုပ်ချုပ်ရေးရုံးကို သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒေသခံတွေဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒပြတာ ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကတော့ လယ်သမားတွေရဲ့ တောင်းဆိုချက်တွေကို  တုန့်ပြန် ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ  ရေကြီးမှုဒဏ်ခံရတဲ့ ကျေးရွာအုပ်စု ၃ စုက  ရွာပေါင်း ၇ ရွာက တောင်သူ လယ်သမား  ၁၀၀ ကျော် ပူးပေါင်း  ပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013