Sunday, June 11, 2023
HomeLead Storyပုဒ်မ ၁၄‌၄ အမိန့်ထုတ်ထားသည့် လောင်းလုံးမြို့နယ်တွင် ပြည်သူများဆက်လက်ဆန္ဒပြ

ပုဒ်မ ၁၄‌၄ အမိန့်ထုတ်ထားသည့် လောင်းလုံးမြို့နယ်တွင် ပြည်သူများဆက်လက်ဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ်ထားတဲ့ကြားက ပြည်သူတွေဟာ ဇွန်လ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ လောင်းလုံးမြို့နယ်ရဲ့ ညင်းမော်၊ မောင်းမကန်ကျေးရွာတွေအပြင် ကျေးရွာအများစု ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်ကို စစ်ကောင်စီ အုပ်ချုပ်ရေးမှူးက ဇွန်လ ၁၁ ရက်ကစပြီး လူငါးဦးထက် ပိုမစုရ၊ ည ၈ နာရီမှ မနက် ၄ နာရီအထိ နေအိမ် အပြင် မထွက်ရတဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို စုဝေးတာ၊ ဟောပြောတာ၊ ဆန္ဒပြစီတန်းလှည့်လည်တာတွေ မပြုဖို့လည်း ထုတ်ပြန်ထားတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular