တိုကျိုဘူတာတွင် ဂျပန်ရောက်မြန်မာများ လက်ကမ်းစာစောင်ဖြန့်ဝေကမ်ပိန်း ပြုလုပ်

မြန်မာနိုင်ငံရဲ့အခြေအနေကို ဂျပန်ပြည်သူတွေ ပိုသိလာစေဖို့ရည်ရွယ်ပြီး  ဂျပန်ရောက် မြန်မာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ Try Together at Japan (TTAJ) နဲ့ Revolution Tokyo Myanmar (R.T.M) အဖွဲ့တို့ဟာ ဇွန်လ ၁၂ ရက်က  တိုကျို၊ ရှင်းကိုအိဝ ဘူတာမှာ လက်ကမ်းစာစောင်နဲ့ တစ်ရှူးတွေ ဝေငှခဲ့ကြတာပါ။

မြန်မာနိုင်ငံအတွက် လိုအပ်တဲ့နေရာတွေမှာသုံးနိုင်ဖို့ အလှူငွေလည်း ကောက်ခံခဲ့ကြတယ်လို့ လည်း ပါဝင်ခဲ့သူတယောက်က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်းမြင့်နေတာကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ စစ်အာဏာရှင်ဆန့်ကျင်ရေးကို လုပ်ခဲ့ကြတာဖြစ်ပြီး လက်ကမ်းစာစောင်ကိုယူတဲ့ ဂျပန်ပြည်သူပြည်သားတွေ စိတ်ချစေဖို့အတွက်လည်း ပါဝင်လှုပ်ရှားသူတွေကို အပူချိန်တိုင်းတာ၊ စနစ်တကျ လက်ဆေးတာနဲ့ လက်အိတ်တွေ ဝတ်ဆင်တာ စတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

မနေ့ညနေ ၃ နာရီကနေ ၅ နာရီအတွင်း လက်ကမ်းစာစောင်နဲ့ တစ်ရှူး အခုရေ ၁၂၀၀ ကို ဝေငှနိုင်ခဲ့တယ်လို့သိရပါတယ်။

More News
Up