ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ယင်းမာပင်နှင့် ဆားလင်းကြီးဒေသခံများ ဆန္ဒပြ
DVB
·
June 12, 2021
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မည် စာသားဆိုင်းပုဒ်တွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချရေး Paper Strike သပိတ်ကို ဇွန်လ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူတွေ စုပေါင်း ပြုလုပ်ခဲ့ပါတယ်။
နှစ်မြို့နယ်ပူးပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို နေ့စဉ် ဆန္ဒပြ တော်လှန်နေတာဖြစ်ပြီး ဒီနေ့ဆန္ဒပြပွဲဟာ စစ်အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ ရက်ပေါင်း ၉၄ ရက်မြောက်နေ့အဖြစ်ဆန္ဒပြတာဖြစ်ပြီး ပြည်သူ ၂,၀၀၀ လောက်ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။