မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာမှာ ဇွန်လ ၁၁ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီခန့်ထားတဲ့ ဒလန်အုပ်ချုပ်ရေးမှူး တစ်ယောက် ဓားထိုးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဌေးအောင်ကျေးရွာမှာ ဇွန်လ ၁၀ ရက်နေ့ညက အလယ်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ဒလန်အုပ်ချုပ်ရေးမှူးက စစ်တပ်ကိုလှမ်းခေါ်ပြီး ခဏအကြာမှာ ဓားထိုးခံခဲ့ရတာဖြစ်ပြီးတော့ သေလား ၊ ရှင်လား အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီနောက် မွန်းလွဲ ၂ နာရီကျော်လောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ရွာမှာ ဝင်မွှေနေတာကြောင့် ဌေးအောင်ရွာနဲ့ ပန်းတော်ပြင်ကျေးရွာက ပြည်သူတွေဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။