Home
မြန်မာသတင်း
ဘားအံမြို့ ၃ နေရာတွင် ဗုံးပေါက်ကွဲ
DVB
·
June 11, 2021
197713115_877700149756926_4334511659544976142_n
196601923_877699996423608_7055372592374758796_n
195982926_877699929756948_2828386467616051996_n
195930605_877699966423611_7351709526461764359_n

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စာသင်ကျောင်း၊ ဇွဲကပင်ကုန်းနဲ့ ကုန်းလမ်းပို့ဆောင်ရေးရုံးတွေမှာ ဇွန် ၁၁ ရက်မနက်  ၇ နာရီလောက်က  ဗုံးတစ်လုံးစီပေါက်ကွဲခဲ့တယ်လို့  မြို့ခံ ပြည်သူတွေက  ပြောပါတယ်။

အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၊  ပြည်နယ်ကုန်လမ်းပို့ဆောင်ရေးရုံးနဲ့ အမှတ် ၉ ရပ်ကွက်ဇွဲကပင်ကုန်းတွေမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကိုတော့ မသိရသေးပါဘူး။

ဗုံးပေါက်ကွဲတဲ့နေရာအနီးဝန်းကျင်မှာနေထိုင်သူတစ်ဦးက  "ဗုံးက ၃ နေရာကွဲတယ်။ ထိခိုက်ဒဏ်ရာ အခြေအနေကတော့ သေချာမသိရဘူး။ လုံခြုံရေးတင်းကျပ်ထားတော့ ဘယ်သူမှမသွားရဲဘူး " လို့ ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲခဲ့တဲ့ ၃ နေရာစလုံးဟာ အမှတ် ၉ ရပ်ကွက်အတွင်းမှာ ရှိတာပါ။ စာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူ အနည်းငယ်ကျောင်းတက်ရောက်နေပြီး  ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးရုံးမှာတော့ မှတ်ပုံတင်မထားတဲ့မော်တော်ယာဉ်တွေကို လိုင်စင်ပြုလုပ်ပေးနေတာ ရှိပါတယ်။

လက်ရှိ ဗုံးပေါက်ကွဲတဲ့နေရာတွေကို စစ်တပ်နဲ့ ရဲတွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးနေသလို ဗုံးပေါက်ကွဲတဲ့အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတင်းကျပ်ထားတဲ့အပြင်  မြို့ဝင်မြို့ထွက် စစ်ဆေးနေ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024