ယုံကြည်မှုတည်ဆောက်တဲ့ ခရီးစဉ်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ ပြောဆို
ရွှေအောင်
·
November 24, 2013
ယူအန်အက်ဖ်စီ ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ခေါင်းဆောင်တွေရဲ့ ရန်ကုန်ခရီးစဉ်ဟာ ယုံကြည်မှုတည်ဆောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။
ယူအန်အက်ဖ်စီ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ဟံသာ၊ ဒေးဗစ်သာကပေါနဲ့ ဦးအေဘယ်လ်တွိ တို့ ၃ ဦး ရန်ကုန်မြို့ကို နိုဝင်ဘာ ၂၃ ရက်ညပိုင်းမှာ ရောက်ရှိသွားခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
နေ့လယ်ပိုင်းမှာ သူတို့အဖွဲ့ တည်းခိုတဲ့ အင်းလျားလိတ်ဟိုတယ်မှာ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်မှာတော့ ယူအန်အက်ဖ်စီခေါင်းဆောင် ၃ ဦးအဖွဲ့ဟာ ရန်ကုန်မြို့ကနေ ပြန်လည်ထွက်ခွာကြမှာဖြစ်ပြီး နေပြည်တော်သွားဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။
ဒီအဖွဲ့ရဲ့ ရန်ကုန်ခရီးနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။