Home
မြန်မာသတင်း
ကချင်စစ်ဘေးရှောင် ပညာရေးရန်ပုံငွေ ပန်းချီကားလေလံပွဲမှ ငွေကျပ် ၈၂ သိန်းရရှိ
DVB
·
June 10, 2021

ကချင်စစ်ဘေးရှောင်စခန်းတွေ အသီးသီးက ကျောင်းသား ကျောင်းသူတွေအတွက် ပညာရေးရန်ပုံငွေ ပန်းချီကား လေလံတင် ရောင်းချပွဲကနေ ငွေကျပ် ၈၂ သိန်း ရရှိခဲ့တယ် လို့ သိရပါတယ်။

ကချင်စစ်ဘေးရှောင်မိဘပြည်သူတွေရဲ့ ဖြစ်ရပ်မှန်ပုံရိပ်ပန်းချီကားတွေကို ကချင်တိုင်းရင်းသား အဆိုတော်တယောက်ဖြစ်တဲ့ မရန်ဆိုင်းနော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လိုက်ဖ်လွှင့် လေလံတင်ရောင်းချပေးခဲ့တာပါ။

လတ်တလောမှာတော့ ပန်းချီကားလေလံတင်ရောင်းချပွဲကနေ ရရှိတဲ့ ရန်ပုံငွေတွေကို လူမှုကူညီမှုအသင်းတခုဖြစ်တဲ့ Wunpawng Ninghtoi – WPN ကနေ သက်ဆိုင်ရာ ကျောင်းတွေနဲ့ ကျောင်းသူကျောင်းသားတွေဆီ တိုက်ရိုက်ကူညီပံ့ပိုးပေးသွားမယ်လို့ ဆိုပါ တယ်။

စစ်တပ်နဲ့ ကေအိုင်အေတို့အကြား တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေဟာ အိုးအိမ်၊ ခြံမြေ၊ အိမ်မွေးကျွဲ၊ နွား၊ ဝက်တွေ၊ ကြက်တွေကို စွန့်ပစ်ခဲ့ပြီး အိုင်ဒီပီစခန်းတွေဆီ ထွက်ပြေးတိမ်း ရှောင်နေထိုင်လာခဲ့ကြရတာ ဆယ်စုနှစ်တခုရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်ရှောင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို Wunpawng Ninghtoi – WPN က တဖက်တလမ်းကနေ ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024