ကနေဒီ လုပ်ကြံခံရတဲ့ နှစ် ၅၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရတဲ့ နှစ် ၅၀ ပြည့် ၀မ်းနည်းဖွယ်အခမ်းအနား ပထမဆုံးအကြိမ် ဒါးလက်မြို့မှာ နိုဝင်ဘာ ၂၂ နေ့က ကျင်းပပါတယ်။ Kannedy Memoral.အမေရိကန်သမိုင်းမှာ ဒီလို ၀မ်းနည်းဖွယ်အဖြစ်အပျက်အတွက် အခမ်းအနားကို ဒါးလက်မြို့မှာ တခါမှ တရားဝင် မကျင်းပခဲ့ကြပါဘူး။ သမ္မတကနေဒီ လုပ်ကြံခံလိုက်ရအချိန် မနက် ၁၁ နာရီခွဲမှာတိတိမှာပဲ အခမ်းအနားကို တိုက်ဆိုင်ပြီး စတင်ကျင်းပခဲ့ပါတယ်။ သမ္မတကနေဒီ လုပ်ကြံခံခဲ့ရတဲ့ Dealey Plaza အခမ်းအနားကို လူအယောက် ၅ ထောင်ပဲ တက်ရောက်ခွင့် ရပါတယ်။ ကျန်မြို့ခံတွေကတော့ တမြို့လုံးမှာ စိုက်ထူထားတဲ့ မြင်ကွင်းကျယ် ဖန်သားပြင်တွေကနေ ကြည့်ရှု့ရမှာပါ။ တက်ရောက်ခွင့် လက်မှတ်ရတဲ့သူတွေကတော့ Dealey Plaza အခမ်းအနားနေရာကို ၀င်ရဖို့ မိုးထဲ အအေးထဲ တန်းစီစောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ တက်ရောက်ခွင့်ရတဲ့ မိုက် ဗန်နာဒီယို (Mike Vanarsdeo) က “တကယ့်အမှတ်တရပွဲပါပဲ။ အဲဒီတုန်းက ကျနော် ၉ နှစ်ပဲ ရှိပါသေးတယ်။ နှစ် ၅၀ အကြာမှာ ဒီနေရာကို ရောက်လာတယ်။ အသစ်လိုပါပဲ။ ဒီအခမ်းအနားကို ဒီလို ကျင်းပမယ်ပြောကတည်းက ဒီအခမ်းအနားကိုတက်ဖို့ စိတ်လှုပ်ရှားနေခဲ့တာပါ။” လို့ ပြောခဲ့ပါတယ်။ သမ္မတကနေဒီဟာ တချို့သူတွေအတွက်တော့ စိတ်ကူးအိပ်မက် ဖြစ်ခဲ့တယ်။ “ဂျွန်အက်ကနေဒီကြောင့် ကျမဟာ သိပ္ပံဆရာမ ဖြစ်ချင်ခဲ့တာပါ။ အာကာသနဲ့ အခြားသိပ္ပံတွေကို စိတ်ဝင်စားခဲ့တယ်။ ‘ငါတို့လကမ္ဘာကို သွားမယ်’ဆိုတဲ့ သမ္မတစကားနဲ့ ကြီးပြင်းခဲ့ပါတယ်။” လို့ တက်ရောက်သူ ကေသီ ဒန်ဘရာဗို (Kathy Dumbravo) ကပြောခဲ့ပါတယ်။ ဒက်ခ်ျမာလ် (Ducharme)က “သူသာ လုပ်ကြံမခံခဲ့ရရင် သမိုင်းဟာ တမျိုးတဖုံ ပြောင်းသွားနိုင်တယ်။ ကျနော် ကြုံဖူးသမျှ သမ္မတတွေထဲမှာ သူဟာ ထူးခြားတယ်။ သူသာ အသတ်မခံခဲ့ရရင် သမ္မတသက်တမ်း ၂  ကြိမ်လုံးမှာ ရမှာ။ အဲမှာ တမျိုးမျိုး ဖြစ်နိုင်တာပေါ့။ သူ့ကို လူတွေက ချစ်ကြတယ်။ အခု အစိုးရတွေကတော့ဗျာ။ ဘယ်မှာ ဖြစ်ဖြစ် ကွဲနေတာပဲ။ သူ့ကိုကျတော့ ချစ်ကြတယ်ဗျ။” လို့ ပြောခဲ့ပါတယ်။ အခမ်းအနားတက်ရောက်သူ နောက်တဦးဖြစ်တဲ့ ဒေါက်ဂလက် ဒက်ခ်ျမာလ် (DOUGLAS DUCHARME) က အဲဒီအဖြစ်အပျက်ဟာ ကျနော့်ဘ၀မှာ အပြောင်းအလဲတခု ဖြစ်ခဲ့ပါတယ်။ မနေ့က ဖြစ်ခဲ့သလိုပါပဲ။ အဲဒီတုန်းက ကျနော် ၇ တန်းပဲ ရှိသေးတယ်။ အခုထက်ထိ မှတ်မိနေတုံးပါပဲ။ ကျနော့်မိဘတွေက သူ့ကို ချစ်ကြတယ်။ သူဟာ ကျနော်တို့ရဲ့ တကယ်တော်တဲ့ သမ္မတတွေထဲက တယောက်ပါ။ အမှတ်တရ ဂုဏ်ပြုချင်လို့ပါ။” လို့ ပြောပါတယ်။ ဒီ ဒါးလက်မြို့မှာ သမ္မတကနေဒီ လုပ်ကြံခံခဲ့တာနဲ့ ပတ်သက်ပြီး စာအုပ်တွေ၊ သတင်းတွေ၊ တီဗွီတွေနဲ့ ရုပ်ရှင်တွေ အများကြီးမှာ ဖော်ပြခဲ့ကြတယ်။ အမေရိကန်နိုင်ငံသားတော်တော်များများကတော့ လုပ်ကြံသူ အိုစ်ဝေါလ်ဒ် (Oswald) ဟာ သမ္မတကို သူတကိုယ်တော် လုပ်ကြံခဲ့တယ်ဆိုတာကို သိပ်အယုံအကြည် မရှိကြပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up