ဆီးဂိမ်းဖွင့်ပွဲမတိုင်ခင် ကျင်းပမယ့် ၀ူရှူးကစားနည်း ပရိသတ်တွေ အားပေးစေလို

Photo by 27seagames2013
ဆီးဂိမ်းဖွင့်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ ကြိုတင်ကျင်းပမယ့် ၀ူရှူးအားကစားပြိုင်ပွဲမှာ   မြန်မာအသင်းက အောင်ပွဲခံဖို့   ပရိသတ်တွေရဲ့ အားပေးမှုတွေ လိုအပ်တယ်လို့ မြန်မာ့ ၀ူရှူးကစားသမားတွေနဲ့ နည်းပြတွေက ပြောပါတယ်။ [caption id="attachment_46883" align="alignright" width="300"]Photo by 27seagames2013 Photo by 27seagames2013[/caption] ဆီးဂိမ်းရဲ့ ၀ူရှူးကစားနည်းပြိင်ပွဲကို နေပြည်တော်က လူ ၃ ထောင်ဆန့် ၀ဏ္ဏသိဒ္ဓိ မိုးလုံလေလုံ အားကစားကွင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဒီဇင်ဘာ  ၁၀ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ ကျင်းပမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင်မှာ ကျင်းပမှာ ဖြစ်ပြီး အပြီးသတ် ရွေးချယ်ထားတဲ့ ကစားသမား ၁၈ ဦးဟာ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ လေ့ကျင့်နေကြပါတယ်။ ၀ူရှူးကစားနည်းမှာ ဆမ်းဆိုခေါ်တဲ့ အတိုက်အခိုက်နဲ့ ထောက်လုဆိုတဲ့ အလှပြ ကစားနည်း ၂ မျိုး ရှိပါတယ်။ ထောက်လုမှာ ကစားနည်း မျိုးကွဲပေါင်း ၁၀ ခု ရှိပြီး အတိုက်အခိုက်အပါအ၀င် ကစားနည်း ၂ မျိုးလုံးအတွက် ဆုတံဆိပ်ပေါင်း ၂၃ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ကွင်းမှာ လိုက်လံ မေးမြန်းချက်တွေအရ ကစားသမားတွေနဲ့ နည်းပြတွေက ဒီ ဆုတံဆိပ်တွေထဲက ၆ ခု ရဖို့ ယုံကြည်ချက် အပြည့်အ၀ ရှိနေကြတယ်လို့ ပြောပါတယ်။ ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ ၀ူရှူး ထောက်လုအလှပြကစားနည်းအတွက် ရွှေရဖို့ ရေပန်းစားနေတဲ့ ကစားသမား ဒေါ်အေးသင်ဇာမြင့် ကို လေ့ကျင့်မှု နားနေချိန်မှာ မေးတဲ့အခါမှာ သူက “အိမ်ရှင်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ပွဲမှာပေါ့နော်။ ကျမတို့ ၀ူရှုးတွင်မက တခြားအားကစားနည်းတွေကိုလည်း ပရိသတ်တွေ အားပေးပါလို့ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။ အရင်တုန်းက ဗီယက်နမ်နိုင်ငံဟာ မြန်မာအတွက် အဓိကပြိုင်ဘက် ဖြစ်ခဲ့ပေမယ့် ခုခါမှာတော့ အင်ဒိုနီးရှားနဲ့ မလေးရှားလည်း တိုးတက်လာတာကြောင့် ပြိုင်ဘက်အဖြစ် ထည့်သွင်းရမှာပါလို့ မြန်မာနည်းပြတွေနဲ့ ကစားသမားတွေက ဆိုကြပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေအပါအ၀င် ပြိုင်ပွဲပေါင်းများစွာမှာလည်း ရွှေတံဆိပ်ဆု အများအပြား ရခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမား ဦးကျော်ဇင်သစ်ကို အောင်မြင်နိုင်ချေ အတိုင်းအဆကို မေးကြည့်တဲ့အခါ သူက “ကျနော်တို့ ၀ူရှုးအားကစားလောကမှာဆိုရင် အဓိက ပြိုင်ဘက် အသင်းတွေက ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှား ဒီ ၃ နိုင်ငံက တကယ့် အန္တရာယ်အသင်းတွေပေါ့နော်။ ကျနော်တို့ ပြိုင်ပွဲဝင်ဖို့ အသင့် ဖြစ်နေပါပြီ။ ပြိုင်ပွဲဝင်ဖို့ မနက် ၈ နာရီလောက်က စထွက်ရင် ဒီမှာ ၉ နာရီကနေ ၁၁ နာရီအထိ လေ့ကျင့် ဖြစ်ပါတယ်။ ညနေပိုင်းဆိုရင် ၃ နာရီကနေ ၅ နာရီခွဲလောက်အထိ လေ့ကျင့်ကြတယ်။ လေ့ကျင့်ရေးက  ပြိုင်ပွဲနီးလာတာနဲ့အမျှ ပိုပြီး ပင်ပန်းလာတယ် ခင်ဗျ။”လို့ ပြောပါတယ်။ မြန်မာဝူရှူးအဖွဲ့ချုပ်ဟာ ၂၀၁၂ ဇန်န၀ါရီလတုန်းကတည်းက စခန်းသွင်း လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ ၂၀၁၃ ဇန်န၀ါရီလမှာတော့ တရုတ်နည်းပြဆရာတွေအပါအ၀င် နည်းပြ ၅ ဦးထိ တိုးချဲ့ လေ့ကျင့်နေပြီး ရွှေတံဆိပ်တွေ ရရှိဖို့ ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံက ပြိုင်ပွဲတွေမှာ မြန်မာတွေ ရွှေရရှိခဲ့လို့ ခုဆီးဂိမ်းမှာလည်း နိုင်ငံဂုဏ်ကို ဆောင်ကျဉ်း နိုင်ကြမယ်လို့ ဆိုကြပါတယ်။ မြန်မာ့ဝူရှူးသမိုင်းမှာ ပထမဆုံးဆုတံဆိပ်တွေ ဆွတ်ခူးပေးသူလည်း ဖြစ် နည်းပြချုပ်လည်း ဖြစ်တဲ့ ဦးခင်စိုးက “အရင်တုန်းက ဆီးဂိမ်းမှာ နိုင်ငံခြားနည်းပြဆရာ ၁ ယောက်ပဲ ငှားခဲ့တာပေါ့နော်။ ၀ူရှူးမှာ အမျိုးအစားတွေ များတဲ့အတွက် တယောက်တည်းနဲ့ မလုံလောက်ပါဘူး။ အခု ဆီးဂိမ်းအတွက် နိုင်ငံတော်ကလည်း တရုတ်နည်းပြဆရာ ၄ ယောက် ပေးပါတယ်။ အဖွဲ့ချုပ်ကလည်း ၁ ယောက် ငှားထားတယ်။ အားလုံး ၅ ယောက်ပေါ့နော်။” မြန်မာဝူရှူးအသင်းဟာ ၁၉၉၅ ကနေ ၂၀၁၃ ထိဆို ရွှေတံဆိပ်စုစုပေါင်း ၆၀ ကျော်ရရှိပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up