တရုတ်နိုင်ငံမှာ ရေနံပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၃၅ ဦး သေဆုံး ၁၆၆ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရေနံဆိပ်ကမ်းမြို့ဖြစ်တဲ့ ကွင်းဒေါင့် (Qingdao)မြို့မှာ နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ဆိုင်နိုပက်ရေနံကော်ပိုရေးရှင်း (Sinopec)ရဲ့ ရေနံပိုက်လိုင်း ပေါက်ကွဲမှုတခု ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်  သောကြာနေ့က ဖြစ်ပွားခဲ့ပါတယ်။ oil in Chinaမြေအောက်ပိုက်လိုင်း ပေါက်ကွဲပြီး အပေါ်မှာရှိတဲ့ လမ်းမအထိ ပေါက်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဆီယိုစိမ့်ပေါက်ကနေ မီးလောင်ကျွမ်းပြီး ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နံနက် ၁၀ နာရီခွဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ည ၁ နာရီကျမှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေ က ဆိုပါတယ်။ နိုင်ငံပိုင်သတင်းဌာန စီစီတီဗွီကတော့ လူ ၃၅ ယောက် သေဆုံးပြီး ၁၆၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဒေါင့်မြို့မှာ ရှိတဲ့ ဆီသိုလှောင်ကန်ကြီးဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆီသိုလှောင် ကန်တွေထဲက တခုဖြစ်ပြီး အနည်းဆုံး အကြီးစားရေနံချက်စက်ရုံ ၂ ခုကို ရေနံစိမ်းတွေ တင်ပို့ ပေးနေတာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဆိုင်နိုပက်ဘက်က တုန့်ပြန်မှုတွေ မရှိသေးပါဘူး။ တနေ့ကို ဆီပေပါ ၂ သိန်း ၄ သောင်း ထုတ်လုပ်နေတဲ့ ဆိုင်နိုပက် ကွင်းဒေါင့်  ရေနံချက်စက်ရုံရဲ့ ရေနံထုတ်လုပ်မှု ကို ထိခိုက်မှု ရှိ၊ မရှိကိုလည်း မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up