ကိုဗစ်-၁၉ ကြောင့် မြန်မာပြည်တွင်း မြို့နယ် ၆ မြို့နယ်ကို လာမယ့် ဇွန် ၁၅ ရက်နေ့ထိ MAI နဲ့ Air KBZ လေကြောင်းခရီးစဉ်တွေပျံသန်းပြေးဆွဲမှု ယာယီရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီမြို့နယ် ၆ ခုကတော့ တာချီလိတ်၊ ကလေး၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း ခရီးစဉ်တွေဖြစ်ပြီး မေ ၂၉ ရက်ကနေ ဇွန် ၁၅ ရက်နေ့အထိ ရပ်ဆိုင်းလိုက်တာပါ။
လေကြောင်းလိုင်းထုတ်ပြန်ချက်ထဲမှာတော့ အာဏာပိုင်တွေက ထပ်မံထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ သွားလာမှုကန့် သတ်ထိန်းချုပ်ရေး အမိန့်လမ်းညွှန်ချက်အရ ခုလိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်းလေကြောင်းလိုင်းတွေ မပျံသန်းတာလို့လည်း သတင်းတွေထွက်နေပါတယ်။
မြန်မာနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁၄၄,၄၅၆ ယောက်၊ သေဆုံးသူ ၃,၂၂၇ ယောက်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူပေါင်း ၁၃၂,၅၂၅ ယောက်ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြပါ တယ်။