အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၃၇,၀၀၀ ရှိလာမယ့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်နေတယ်လို့ ဒေလီဝန်ကြီးချုပ်က ပြောပါတယ်။
အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းကို တစိတ်တပိုင်း ဖြေလျှော့ပေးဖို့ကိုလည်း ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။
ဧပြီ ၂၀ ရက်က ဒေလီမှာ တရက်တည်း အသစ်ကူးစက်ခံ ၂၈၃၉၅ ယောက် ရှိခဲ့တာပါ။ ခုတော့ အောက်ဆီဂျင်ပြတ်လပ်မှု တန်ချိန် ၄၂၀ အတွက်ပါ ပြင်ဆင်နေတယ်လို့ ဝန်ကြီးချုပ်က ဇွန်လ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ် အသစ်ကူးစက်ခံ ဦးရေ ၁၂၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကူးစက်ခံ သေဆုံးသူဦးရေ ၃၃၈၀ ရှိပြီး စုစုပေါင်း ကူးစက်ခံ ဦးရေ ၂၈ ဒသ ၆၉သန်းနဲ့ စုစုပေါင်းကူးစက်ခံ သေဆုံးသူဦးရေ ၃၄၄,၀၀၀ ကျော်ရှိနေပါတယ်။