Saturday, June 10, 2023
HomeLead Storyကချင်စစ်ဘေးရှောင်များအတွက် နေအိမ်သစ်များ လွှဲပြောင်းအပ်နှံ

ကချင်စစ်ဘေးရှောင်များအတွက် နေအိမ်သစ်များ လွှဲပြောင်းအပ်နှံ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအတွက် နေအိမ်တွေ ဆောက်လုပ်တဲ့လုပ်ငန်းပြီးစီးသွားပြီဖြစ်လို့  ဇွန်လ ၅ ရက်နေ့မှာ နေအိမ်သစ်တွေကို စစ်ရှောင်မိသားစုတွေထံ  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က လွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်။

အခုဆောက်လုပ်ပြီးစီးတဲ့ နေအိမ် ၁၄၆ လုံးကို  ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းက ကူညီ ထောက်ပံ့လှူဒါန်းတာဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်  KBCက တာ၀န်ယူ ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် နေရပ်ပြန်နိုင်ရေး နီပွန်ဖောင်ဒေးရှင်းဟာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ကို KBC မှတဆင့် ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါထောက်ပံ့ငွေနဲ့ KBC မှ တာ၀န်ယူကာ ကချင်ပြည်နယ်ရှိ ပူတာအို၊ ချီဖွေ၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက်မြို့နယ် အတွင်းရှိ ကချင်စစ်ရှောင်မိသားစုတွေအတွက်  အိမ်ခြေ ၆၀၀ ကျော်  ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့  အသင်းတော်တာ၀န်ရှိသူတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ – KBC

RELATED ARTICLES
- Advertisment -
Google search engine

Most Popular