လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ ၆ ဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၁ လ ချမှတ်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြသံဃာတွေကို  အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကို  နိုဝင်ဘာ ၂၂ ရက်နေ့က အလုံမြို့နယ်တရားရုံးနဲ့ ကြည့်မြင်တိုင်တရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ်နဲ့ ပူးတွဲ ကျခံဖို့ ချမှတ်လိုက်ပါတယ်။ DNyeinLinဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုအောင်မျိုးဦး၊ ကိုမြင့်ကျော်ဦး၊၊ သူကြီး (ခေါ်) ကိုစိုးမိုးထွန်းနဲ့  မသန္တာတို့ပါ ၆ ဦးကို ကြည့်မြင်တိုင်၊  စမ်းချောင်းနဲ့ အလုံမြို့နယ် တရားရုံးတွေက ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး ကြည့်မြင်တိုင် တရားရုံးက  နိုဝင်ဘာ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်ထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့  စမ်းချောင်းမြို့နယ် တရားရုံးက စွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး  ချမှတ်မယ့် စီရင်ချက်ကိုလည်း ဆန္ဒပြသမားတွေ ထပ်မံ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up