ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ မီးသတ်ရုံးရှေ့မှာ ဇွန်လ ၅ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဒီ ည ၈ နာရီ ၅ မိနစ်မှာ အသုတ်မြို့မီးသတ်ရုံးရှေ့ဗုံးပေါက်ခဲ့တာဖြစ် ပြီး လူထိခိုက်မှုရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
" ၈နာရီကျော်လောက်က ပေါက်တာ အသံအကျယ်ကြီးကြားရတယ်၊ အိမ်တွေမြေကြီးတွေပါ တုန်သွားတာ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျုံပျော်မြို့မှာ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူတွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း အသုတ်မြို့မှာ လုံခြုံရေးတင်းကျပ်ထားချိန်မှာ ခုလိုပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လက်နက်ကိုက်တွေ ရောက်ရှိစစ်ဆေးနေပြီး ထိခိုက်မှုအခြေအနေကို အတိကျ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
အသုတ်မြို့မှာ ဇွန်လ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက တိုက်စွန်းအောက်အင်းကျေးရွာက လူငယ် ၁ ဦး၊ အသုတ်မြို့က ရှေ့နေ ၁ ဦးအပါအဝင်လူ ၆ ဦး ဖမ်းဆီးထားခဲ့ပါတယ်။