ဗီယက်နမ် K+ ဂြိုလ်တုစလောင်း ရန်ကုန်ဈေးကွက်ထဲ ၀င်ရောက်

ထုတ်လွှင့်နေတဲ့ K+ စလောင်းနဲ့ ဖမ်းစက်တွေ ရန်ကုန် ဈေးကွက်ထဲ ၀င်ရောက်လာနေတယ်လို့ ဘားလမ်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေကနေ စုံစမ်းသိရပါတယ်။ pta1377591177 copyဒီ K+ စလောင်းစက်တွေဟာ အဓိကအားဖြင့် ဘောလုံးအပါအ၀င် အားကစားလိုင်း ပေါင်းစုံ၊ HBO, AXN, Star Movie အပါအ၀င် နိုင်ငံတကာ ရုပ်ရှင်လိုင်းတွေ၊ ဒစ္စကာဗာရီလို ဗဟုသုတ ချန်နယ်တွေနဲ့ ဗီယက်နမ်ချန်နယ်တွေ လိုင်းစုစုပေါင်း ၁၄၀ နီးပါး ဖမ်းယူ ကြည့်ရှု့နိုင်ပါတယ်။ ကနဦး တပ်ဆင်ခ၊ စလောင်း၊ ဖမ်းစက်နဲ့ ၁ နှစ်စာ ကြည့်ရှု့ခွင့်ဆိုရင် ကျပ် ၂ သိန်း ၇ သောင်း ကျပါတယ်။ နောက်ပိုင်း သက်တမ်းတိုးရင်တော့ ၁ နှစ်စာ ကျပ် ၁ သိန်းခွဲလောက်ပဲ ကျသင့်ပြီး ဒါဟာ ၁ လ ကျပ် ၁ သောင်း ၂ ထောင်ကျော်ပဲ ရှိပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ လိုင်းအားလုံး အခမဲ့ ဖမ်းယူ ကြည့်ရှု့နိုင်တဲ့ ၈ ပေစလောင်းနဲ့ ဖမ်းစက်တွေ၊ ထိုင်းချယ်နယ်တွေနဲ့ ဒီဗွီဘီ ဖမ်းယူကြည့်ရှု့နိုင်တဲ့ ၂ ပေ စလောင်းတွေကိုလည်း ၀ယ်ယူ ကြည့်ရှု့နိုင်ကြောင်း သိရပါတယ်။

More News
Up