NUG သတင်းစာရှင်းလင်းပွဲကျင်းပချိန် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အင်တာနက်ဖြတ်

မြန်မာနိုင်ငံတဝန်း  ဝိုင်ဖိုင်၊ မိုဘိုင်းဒေတာအပါအဝင် အင်တာနက်လိုင်းတွေ အားလုံးကို ဇွန်လ ၄ ရက် ဒီညနေ ၅ နာရီကနေ ၆နာရီအထိ တစ်နာရီကြာ ပိတ်ဆို့ဖြတ်တောက်ဖို့ isp တွေကို အကြမ်းဖက်စစ်ကောင်စီကနေ အနီးကပ်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါတယ်။ 

ဒီညနေ ၅နာရီမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကနေ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းကတဆင့် စတင်ပြုလုပ်ချိန်မှာ အချိန်ကိုက် အင်တာနက်ဖြတ်တောက်လိုက်တာပါ။ 

ညနေ ၆ နာရီကျော်လောက်မှာ အင်တာနက်လိုင်းတွေ ပြန်ပွင့်လာပြီးနောက်ပိုင်း NUG သတင်းစာရှင်းလင်းပွဲနဲ့အချိန်ကိုက် တစ်နာရီကြာဖြတ်တောက်မှုအပေါ် အွန်လိုင်းသုံးစွဲသူတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြက်ရယ်ပြုကြသလို အကြမ်းဖက်စစ်အုပ်စုကို အပြင်းအထန် ဝေဖန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကို လေလှိုင်းပေါ်ကအစိုးရလို့ အကြမ်းဖက်စစ်ခေါင်းဆောင်က တရုတ်မီဒီယာနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

More News
Up