Live
Home
မြန်မာသတင်း
EPC နှင့် ဓာတ်မြေဩဇာစက်ရုံ CDM ဝန်ထမ်းများအတွက် ကျပ် ၇၈ သိန်းကျော် ထောက်ပံ့
DVB
·
June 4, 2021

အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) မှာပါဝင်နေကြတဲ့ EPC လျှပ်စစ် ဝန်ထမ်းတွေနဲ့ ဓာတ်မြေဩဇာစက်ရုံဝန်ထမ်းတွေကို 21 Savage Myanmar အဖွဲ့က ငွေကျပ် ၇၈ သိန်းကျော် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလတွေမှာ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး သာကေတ EPC က CDM ဝန်ထမ်းတွေအတွက် ၂၈ သိန်း၊ လပွတ္တာ EPC က CDM ဝန် ထမ်းတွေအတွက် ၁၈ သိန်း ၄ သောင်းနဲ့ မှော်ဘီ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)က CDM ဝန်ထမ်းတွေအတွက် ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် ၂၅ သိန်းစီ အသီးသီးပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုထောက်ပံ့ကူညီမှုမှာ ပါဝင်အားဖြည့်ပေးကြတဲ့ ပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပြီးလည်း တော်လှန်ရေးကိစ္စအဝဝအတွက် လိုအပ် တာတွေထောက်ပံ့နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်လို့ အားဖြည့်ကူညီကြဖိုလည်း ဖိတ် ခေါ်ထားပါတယ်။

CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့ ဝိုင်းကြီးချုပ် မိတ်ဖက်အဖွဲ့ အစည်းတွေအနေနဲ့ 21 Savage MM ၊ CDM Doctor Network ၊ GO FUND ME ၊ ၂ /၂၀၂၁ ခိုင်မြဲသောလက်များ ၊ Funding 4 #CDM ၊ For Our People ၊ Myanmar Resistance ၊ We Support Heroes ၊ Padamyar Group ၊ GWSM - Get Well Soon Myanmar Platform ၊ ပီတိ - PiTi ၊ Together We Win ၊ Connect 21 ၊ We Pledge CDM ၊ CDM Call Center ၊ Iris for Wisdom, Hope, Trust, Valor ၊ CDM Medium ၊ ရုန်းထွက်စို့ ၊ ထိုးမုန့်လူငယ်များအဖွဲ့စတဲ့ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024