Wednesday, May 31, 2023
HomeLead Storyဖားကန့် တာမခံမြို့သစ်တွင် ဆန္ဒပြပြည်သူများကို စစ်အုပ်စုက ကားဖြင့်ဝင်တိုက်ဖြိုခွင်း

ဖားကန့် တာမခံမြို့သစ်တွင် ဆန္ဒပြပြည်သူများကို စစ်အုပ်စုက ကားဖြင့်ဝင်တိုက်ဖြိုခွင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု  တာမခံမြို့သစ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေကို ဇွန်လ ၃ ရက် ဒီနေ့မနက်ပိုင်းက ရဲနဲ့ စစ်တပ်က ကားနဲ့တိုက်ပြီး ဖြိုခွဲခဲ့တယ်လို့  ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ကားနဲ့ဝင်တိုက်ပြီး ဖြိုခွဲခဲ့ပေမဲ့  အချိန်မှီလူစုခွဲနိုင်တာကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူတွေတော့မရှိခဲ့ဘူးလို့သိရပါတယ်။

တာမခန်မြို့သစ်မှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်အလိုမရှိကြောင်းကို ဒေသခံပြည်သူတွေ နေ့စဉ်လိုလိုဆန္ဒပြနေကြတာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular