Sunday, June 11, 2023
HomeLead Storyပုဂ္ဂလိကကို လောင်စာဆီဖြန့်ဖြူးမှု ကန့်သတ်မည်

ပုဂ္ဂလိကကို လောင်စာဆီဖြန့်ဖြူးမှု ကန့်သတ်မည်

ပုဂ္ဂလိက စက်သုံးဆီသိုလှောင်ကန် အများစုသိုလှောင်မှု လျော့ကျလာတဲ့အတွက် ပြန်လည် ဖြည့်တင်းဖို့နဲ ထပ်မံလျော့ကျရင် ဆီဖြန့်ဖြူးမှု ကန့်သတ်မယ်လို့  စစ်ကောင်စီက အမိန့် ထုတ်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ သြဇာခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ စစ်ဆေးတွေ့ ရှိချက်အရ  သီလဝါမှာရှိတဲ့ ပုဂ္ဂလိကပိုင်စက်သုံးဆီ သိုလှောင်ကန်စခန်းအများစုမှာ သိုလှောင်နိုင်မှု ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းနေတယ်လို့ သိရပါတယ်။ 

ဒါကြောင့် စစ်ကောင်စီက ဆီသိုလှောင်ပမာဏ ၃၅ ရာခိုင်နှုန်းအောက် လျော့နည်းနေတဲ့ ပုဂ္ဂလိပိုင် စက်သုံးဆီးသိုလှောင်ကန်တွေကို အမြန်ပြည်လည်ဖြည့်တင်းထားဖို့ ဇွန် ၂ ရက်မှာ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းဆီ ညွှန်ကြားစာ ထုတ်ပြန် သတိပေးထားပါတယ်။

ဆီလှောင်ကန်တွေအနေနဲ့ သတ်မှတ်ပမာဏအထိ ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိဘဲ ထပ်မံ လျော့ကျပါက စက်သုံးဆီ ဖြန့်ဖြူးတာကို ကန့်သတ်သွားမယ်လို့ ညွှန်ကြားစာမှာ အသိ ပေးထားပါတယ်။

ပြည်ပက စက်သုံးဆီ တင်သွင်းမှုကို ထိန်းသိမ်းဆောင်ရွက်ကြဖို့နဲ့ တင်သွင်းဆဲ၊တင်သွင်းမယ့် အစီအမံတွ်ကိုလည်း ဒီလ သုံးရက်နေ့ထက် နောက်မကျဘဲ တင်ပြဖို့ ညွှန်ကြားထားပါတယ်။  

နိုင်ငံအတွက် အရေးကြီးလိုအပ်တဲ့ စက်သုံးဆီတွေကို ရန်ကုန်တိုင်းသီလဝါမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်သုံးဆီသိုလှောင်ကန်စခန်းတွေမှာ အဓိကသိုလှောင်ထားရှိတာ ဖြစ်ပါတယ်။ 

ဒီသိုလှောင်ကန်စခန်းတွေမှာ လက်ကျန်လျော့နည်းကျဆင်းလာရင် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတဲ့အခြေအနေ တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular