Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်ရ
DVB
·
June 3, 2021
193962093_474324363643760_229286391387514401_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာနဲ့ သလောက်ရွာကြားမှာ ဇွန်လ ၃ ရက်  ဒီနေ့ မနက် ၇ နာရီလောက်က  အမျိုးသမီး ၁ ဦး  မိုင်းနင်းမိပြီးသေဆုံးသွားကာ အမျိုးသားတစ်ဦး ပေါင်မှာ အပြင်းအထန်ဒဏ်ရာရှိသွားပါတယ်။

ကပိုင်ဒေသခံတစ်ဦးက " သားအမိနှစ်ယောက် မင်္ဂလာဆောင် လာရင်းဖြစ်သွားတာ။ ဘယ်သူထောင်လဲတော့ မသိဘူးဗျ။ မနေ့ကတော့ စစ်ကောင်စီတပ်တွေ အင်အား  ၂၅၀ ကျော် ကျနော်တို့ရွာကို တပ်လာစွဲတယ်။ တစ်ဝက်လောက်က အလောင်းတော်ကဿပ သစ်တောအပေါ်  တက်သွားတယ်။ တစ်ဝက်က ကပိုင်ကျေးရွာအနီး တောင်ကုန်းထိပ်ဘုရားပေါ်မှာ အမြောက်လက်နက်ကြီးတွေ တပ်ဆင်ထားတယ်။ အမြောက်လက်တပ်ဆင်ထားတာက ကပိုင်-သီးကုန်းကျေးရွာ လူနေ‌အိမ်တွေ ဘက်လှည့်ထားတယ်။ အဲတာကြောင့်ရွာကလူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်"လို့ ပြောတယ်။

ယင်းမာပင်မြို့နယ် ကပိုင်၊ သီးကုန်းကျေးရွာအနီးမှာ  ဧပြီ ၂၀  ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး  ပြည်သူ ၈ ယောက် ထက်မနည်းကျဆုံးသွားကာ တချို့ဖမ်းဆီးခံရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024