Saturday, June 3, 2023
HomeLead Storyအင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ကညင်ဆည်အနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ   ဇွန်လ ၁ ရက်ညက ကြံ့ခိုင်ပါတီဝင် စစ်ကောင်စီ သတင်းပေး ကျွဲဇင်းအုပ်စု အုံးခုံရွာသား တစ်ဦး တူးမီးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ကျွဲဇင်းကျေးရွာအုပ်စု ရာအိမ်မှူးတစ်ဦးကတော့ “အုံးခုံရွာသားချင်းဖြစ်တာ၊ သေတဲ့သူက သတင်းပေးတယ်ဆိုပြီပစ်တာ၊ တူမီးနဲ့ပေါ့ သေနတ်သမားကတော့ ရိုးမထဲမှာရှောင်နေလောက်ပြီ” လို့ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မဲဇလီကုန်းဆေးရုံမှာ  ဇွန် ၂ ရက်နေ့က ရင်ခွဲစ​စ်ဆေးပြီး နယ်မြေခံရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular