Home
မေးမြန်းခန်း
လွှတ်တော်အမတ်တွေ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁ ထောင်သုံးနိုင် (မေးမြန်းခန်း)
ရွှေအောင်
·
November 21, 2013
1391480_589915957722893_15992908_n
လွှတ်တော်အမတ်တွေဟာ မြို့နယ် ၁ မြို့နယ်စီအတွက် ချထားပေးတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁ ထောင်စီကို သုံးနိုင်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ လွှတ်တော်အစည်းအဝေးပွဲတွေအပြီး ကျပ် သိန်း ၁ ထောင်စီ သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ပေးလိုက်တဲ့အတွက် ခုလို စ ပြီး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ဘယ်လိုလုပ်ငန်းတွေအတွက် ဘယ်လို ခွဲဝေသုံးစွဲကြမှာပါလဲ။ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းကတော့ အစိုးရရန်ပုံငွေမှာ မပါတဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရမှာလို့ ပြောပါတယ်။ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။ အပြည့်အစုံ နားဆင်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024