
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကသဲရပ်ကွက်က Non CDM ကျောင်းဆရာမ တစ်ဦးရဲ့ နေအိမ်မှာ ဇွန်လ ၂ ရက် ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ အိမ်ကတော့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဆရာမက ရေဦးကြီးကျောင်းမှာ တာဝန်ကျနေတဲ့ ဆရာမဖြစ်ပြီး ရေဦးကြီးကျောင်းမှာ ကျောင်း လာတက်တဲ့ ကျောင်းသား အနည်းငယ်ရှိတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့က အခြေခံပညာ စာသင်ကျောင်းတွေမှာ Non CDM ဆရာ၊ ဆရာမတွေကသာ ကျောင်းတက်ပြီး တစ်ကျောင်းမှာ ကျောင်းသား ၅ ယောက်လောက်သာ ကျောင်းတက်သူ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။