Home
မြန်မာသတင်း
ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပြန်လည်ထူထောင်ခွင့် ရရှိ
နန်းမြနဒီ
·
November 20, 2013
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်  ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ဟာ  နိုင်ငံရေးပါတီအဖြစ်  ပြန်လည်ထူထောင်ခွင့် ရရှိဖို့ လျှောက်ထားရာမှာ ဒီရက်ပိုင်း အတွင်း ရွေးကောက်ပွဲကော်မရှင်ထံက  ခွင့်ပြုမိန့် ကျလာပြီ ဖြစ်ပါတယ်။ ပအမဖ လို့ အတိုကောက်ခေါ်တဲ့   ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီ ပြန်လည်ထူထောင်ခွင့် ရဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဆီ လျှောက်ထားခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ နေ့စွဲနဲ့ ခွင်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ mail.google.comပါတီ ပြန်လည်ထူထောင်ရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ခွန်စိုးမြင့်ထွန်းက အခုလို ပြောပြပါတယ်။ “ပအမဖပါတီကတော့ နဂိုက ရှိပြီးသားပါ။ ဒါပေမယ့် ၂၀၁၀ ခုနှစ်တုန်းက ပြန်ပြီး မှတ်ပုံ မတင်တဲ့အခါကျတော့ ပျက်ပြယ်သွားတာပေါ့။ ကျနော်တို့ပါတီ ပြန်လည်ထူထောင်ရခြင်း ရည်ရွယ်ချက်ကတော့ ၁ အချက်က ပအိုဝ်းအမျိုးသားတွေ အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပိုမို ခိုင်မြဲစေဖို့ ဦးထိပ်ထားတယ်။ ၂ အချက်က ပအိုဝ်းအမျိုးသားတွေရဲ့ အမျိုးသားရေးလက္ခဏာကို ကာကွယ် စောင့်ရှောက်နိုင်ဖို့နဲ့ နောက်တချက်က ပအိုဝ်းတိုင်းရင်းသားတွေဟာ အခြား တိုင်းရင်းသားတွေနည်းတူ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အာမခံချက်ပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ပါတီ မှတ်ပုံပြန်တင်ရတာ ဖြစ်ပါတယ်။” ပါတီရဲ့ ရည်ရွယ်ချက်၊ မူဝါဒ၊ အမှတ်တံဆိပ်၊ ပါတီအလံတွေနဲ့ ပတ်သက်လို့ကတော့ ပါတီ ဗဟိုကော်မတီ အစည်းအဝေးလုပ်ပြီး ပါတီမှတ်ပုံတင် ပြန်ကျလာမှ ပြောနိုင်မယ်လို့ ခွန်စိုးမြင့်ထွန်းက ဆက်ပြောပါတယ်။ ပါတီမှတ်ပုံတင်ရေးအတွက် ရက်ပေါင်း ၃၀ အတွင်း ပြန်လည် လျှောက်ထားရမှာမို့ ခု ရက်ပိုင်းအတွင်း ပါတီရဲ့ အရေးပေါ်အစည်းအဝေး လုပ်ဖို့ရှိပြီး အဲဒီအစည်းဝေးမှာဘဲ ပါတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး စတာတွေ ရွေးချယ်မယ်လို့ ဆိုပါတယ်။ ပါတီကို ဦးဆောင် တည်ထောင်သူတွေကတော့  ခွန်အောင်စစ်၊ ခွန်မျိုးမြင့်ဦး၊ ခွန်ချစ်စံနဲ့ နန်းမေပန်းဝါ အစရှိတဲ့ ပုဂ္ဂိုလ် ၁၅ ဦးတို့ ပါဝင်ပြီး ပါတီဝင်တွေ  ဆက်လက်ရရှိဖို့  ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်အပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းထဲမှာ ရှိတဲ့ ပအိုဝ်းဒေသနဲ့ တကွ တခြားပြည်နယ်နဲ့ တိုင်းအနှံ့ ရောက်ရှိနေတဲ့ ပအိုဝ်းလူမျိုးတွေကိုပါ ဆက်လက် စည်းရုံးသွားဖို့ ရှိနေပါတယ်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ အခြေစိုက်တဲ့  ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ကို  လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။   ၁၉၉၀ ပြည့်နှစ်  ရွေးကောက်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းစတဲ့ မြို့နယ် ၃ ခုမှာ  ၀င်ရောက်ယှဉ်ပြိုင်ရာမှာ  အမတ်နေရာ ၃ ခုရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေမယ့်  လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ရည်မှန်းထားကြောင်း ခွန်စိုးမြင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ  ပအိုဝ်းနိုင်ငံရေးပါတီအနေနဲ့ ပအမဖအပြင်  ၂၀၁၀ ရွေးကောက်ပွဲဝင် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ ဆိုပြီး ၂ ပါတီ  ရှိတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024