မိုးကောင်းမြို့က ရဲရင့်ခြင်း အနီရောင် အရုဏ်ဦးသပိတ်
DVB
·
June 1, 2021
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပြုတ်ကျရေးအတွက် နေ့စဉ်ရက်မပျက် ဆန္ဒပြနေကြတဲ့ ဒေသခံပြည်သူတွေဟာ ဇွန် ၁ ရက် ဒီနေ့ မနက် ၅ နာရီက အနီရောင် အင်္ကျီတွေဆင်တူဝတ်ဆင်ကာ ရဲရင့်ခြင်း အနီရောင် အရုဏ်ဦးသပိတ်ကို မြို့တွင်းလှည့်လည်ပြီး အောင်မြင်စွာဆင်နွှဲခဲ့ကြပါတယ်။