Home
မြန်မာသတင်း
စစ်ဘေးရှောင်ပြည်သူများရှိသည့်နေရာကို မတိုက်ခိုက်ရန် ကယ်ဆယ်ရေးသမားများတိုက်တွန်း
DVB
·
May 31, 2021

စစ်ကောင်စီတပ်တွေအနေနဲ့   လူသားချင်းစာနာပြီး စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လတ်တလော ကယားပြည်နယ်မှာ ဒေသခံ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်တွေအကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

တိုက်ပွဲပြင်းထန်တဲ့ ဒီးမော့ဆိုမြို့နယ်ရဲ့ အရှေ့ဘက်အခြမ်းတစ်ခုတည်းမှာတင် စစ်ဘေးရှောင် နှစ်သောင်းကျော်ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်နေတွေနဲ့  ဘုရားကျောင်းတွေအပေါ် လက်နက်ကြီး ကျည်ဆန်တွေ ကျရောက် ပေါက်ကွဲပြီး  အရပ်သား သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေရှိနေတဲ့ တခြားနေရာတွေကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိနေတာကြောင့် စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာပြီး အဲဒီလိုမလုပ်ဖို့  ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက တိုက်တွန်းပါတယ်။

စစ်ရှောင်တွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အလံဖြူထောင်ထားတဲ့ ပရဟိတ ကားတွေကိုလည်း စစ်တပ်က ပစ်ခတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေး NUG အနေနဲ့လည်း အောက်ခြေမှာ အခက်အခဲမျိုးစုံဖြစ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်  ထိထိရောက်ရောက် ကူညီဖို့ကိုလည်း တိုက်တွန်းပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ပြည်သူကနေ ပြည်သူကို ကူညီတဲ့ ပုံစံမျိုးနဲ့ပဲ စုပေါင်းအလှူခံပြီး ထောက်ပံ့နေရတာပါ။ ကယားပြည်နယ်တခုလုံးမှာဆိုရင်တော့ စစ်ဘေးရှောင် လေးသောင်းကျော်ရှိနေပါပြီ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024